တေးရေး သုခမိန်လှိုင် ရဲ့ လက်ရာ မီကီကိုးလ် ဆိုထားတဲ့ သီချင်းလေးပါ ... ကြာတော့ကြာခဲ့ပါပြီလေ... အချစ်များနဲ့ကမ္ဘာ၂ ("58-Lady" Concert) Album ထဲကပါ.....။
မျက်လုံးချင်းတော့ ဆုံတာကြလှပြီပေါ့
စကားများဖွင့်လို့ပြောများ ပြောမလား တွေးဆဲ
နှလုံးသားချင်းလည်း ဆုံတာ ကြာခဲ့ပြီပဲ
တစ်နေ့တော့ ကိုယ့်လက်ဆွဲပြီး
စာရွက်တစ်ရွက်ကို သူပေး 228595
ဖတ်ကြည့်တော့ မယုံနိုင်စရာ ချစ်ဖုန်းနံပါတ်…
သတိရလို့ ဖုန်းဆက်ကြည့်တော့
ပြောလို့မ၀တဲ့ စကားများ
သူရယ် ကိုယ်ရယ် အပြန်အလှန် ရင်ဖွင့်ကြရင်း
အနှောင့်အယှက်မဲ့ ငြိမ်းချမ်း တို့အချစ်ရဲ့ အမှတ်အသား
228 595…228 595… 228 595
အိုး ….. ငြိမ်းချမ်းလွန်းတဲ့ တယ်လီဖုန်းလေးရယ်။
သူရယ် ကိုယ်ရယ် ပျော်စရာ ဒီအဆက်သွယ်လေး
ဘေးနားက ၀ိုင်းလို့ကြည့်မယ့် ဘေးကဝေးတော့
ငြိမ်းငြိမ်းချမ်းချမ်း ပျော်စရာ ဒီအဆက်သွယ်လေး
ဂဏန်းလေး (၆) လုံးနဲ့ ဖုန်းနံပါတ်ရဲ့ အမှတ်အသား
228 595… 228 595… 228 595
အိုး ….. ငြိမ်းချမ်းလွန်းတဲ့ တယ်လီဖုန်းလေးရယ်။
ပူလောင်စွာ ဖီလင်တွေလို အသည်းထဲက စကားများပြောဖို့
ဂဏန်းလေး(၆)လုံး ကြင်နာစွာ ကမ္ဘာငယ်ငယ်ကို
တို့နှစ်ယောက်အတွက် ပေးတဲ့ဂဏန်းများ
အိုး … အိုး … အိုး ……
သူရယ် ကိုယ်ရယ် ပျော်စရာ ဒီအဆက်သွယ်လေး
ဘေးနားက ၀ိုင်းလို့ကြည့်မယ့် ဘေးကဝေးတော့
ငြိမ်းငြိမ်းချမ်းချမ်း ပျော်စရာ ဒီအဆက်သွယ်လေး
ဂဏန်းလေး (၆) လုံးနဲ့ ဖုန်းနံပါတ်ရဲ့ အမှတ်အသား
228 595… 228 595… 228 595… အိုး …
ငြိမ်းချမ်းလွန်းတဲ့ တယ်လီဖုန်းလေးရယ် … ဟဲလို …။
Thursday, March 5, 2009
228595
Posted by ကဗျာမ လေး at 9:00 AM 0 comments
Labels: ရင်ကိုထိရှသော သီချင်း
Thursday, February 26, 2009
" ပေးစားသူနဲ့ ယူလိုက်ပါ "
အများနဲ့ တစ်ယောက်သမားမို့ပါ ဒီပွဲမှာ မေ ရှုံးရတယ်
အလှမဲ့ ဘ၀သမားမို့ပါ မယှဉ်ရဲပါ အချစ်ဆုံး အသက်ရယ်
ပင်ယံဆီမှာ 'မင်း' ဘ၀ သဇင်က ... ရွှေငွေရံခြယ် နန်းထက်အလယ်မှ
ရွှေငွေရံခြယ် နန်းထက်အလယ်မှ ... ပင်ယံဆီမှာ 'မင်း' ဘ၀ သဇင်က
ပေါ်လွင်စွာရယ် ၀င့်ကြွားလို့သာ တင့်တယ်မှာပါ
မေ့ဘ၀ ဇနပုဒ်မှာ မောင့်ဘ၀ ရွှေထုပ်ကို အနေစုတ်အောင်လည်း မေ မပြုရက်ပါ
ယှဉ်လိုပါတယ် သို့ပါသော်လည်း မယှဉ်ဝံ့ပါဘူး အချစ်ဆုံး အသည်းရယ်ကွာ...။
အဆောင်အယောင် စည်းစိမ်စွန့်ကာ မေ့ အပါးကို မောင် လိုက်ခဲ့ရင်
လူတကာပျက်ရယ်ပြုမှာ မေလေ မတွေးဝံ့ပါ
သူစိမ်းသူတွေ ကဲ့ရဲ့မှာစိုး 'မင်း' ဂုဏ်ငယ် ဖြစ်နေမှာစိုး
မကြည့်ရက်နိုင်ပါဘူးကွယ် မရှုစိမ့်နိုင်ပါဘူးကွယ်... မရှုစိမ့်နိုင်ပါဘူးကွယ် မကြည့်ရက်နိုင်ပါဘူးကွယ်
ခေါင်းခါကာ မငြင်းလိုက်ပါနဲ့ ပေးစားသူနဲ့ 'မင်း' ..... 'မင်း' ယူလိုက်ပါ.......။
Posted by ကဗျာမ လေး at 9:24 AM 5 comments
Labels: ရင်ကိုထိရှသော သီချင်း
'မင်း' မှ 'မင်း'
မင်းပဲ ချစ်တဲ့အကြောင်းတွေ သင်ပေးသလို
မင်းပဲ မုန်းတဲ့အကြောင်း သင်ပေး
မင်းအတွက် လူးလွန့်ခဏတာ ရေပွက်လေး ... ဒါပေမယ့် တို့အတွက် ဘ၀တစ်သက်စာပါလေ
မင်းက ခရီးတစ်ထောက်နားလို့ ထွက်သွားအဝေး
တို့က တမ်းတရသူလေ
ခေါင်းမော့ ဟားတိုက် ရက်စက်နိုင်သူရေ ... ရယ်သံများ နားထဲ ရိုက်ခတ်ထင်ကျန်နေ
ရင်ခွင်ထဲ 'မင်း' မှ 'မင်း' ပဲ အချစ်ဆုံးရေ ... နာကျင်လည်း ကြိုးစားပြုံးလို့ နေမယ်လေ
ဒီချိန်ထိ 'မင်း' မှ 'မင်း' ပဲ အချစ်ဆုံးရေ ... အိပ်မက်ရှည် မမောတမ်း ဆက်မက်နေမယ်လေ
ပြုံးပြနှုတ်ဆက်ကြတဲ့ အချိန်လေးတွေ
ခုထိ အမှတ်ရဆဲပါလေ
အလွမ်းများ ခင်းဖြန့်ထားတာ ရေတွက်ရင်း ... တစ်ယောက်တည်း တိတ်တိတ်ကြိတ်လို့ ငိုမယ်လေ
ရင်ခွင်ထဲ 'မင်း' မှ 'မင်း' ပဲ အချစ်ဆုံးရေ ... နာကျင်လည်း ကြိုးစားပြုံးလို့ နေမယ်လေ
ဒီချိန်ထိ 'မင်း' မှ 'မင်း' ပဲ အချစ်ဆုံးရေ ... အိပ်မက်ရှည် မမောတမ်း ဆက်မက်နေမယ်လေ
Posted by ကဗျာမ လေး at 9:01 AM 2 comments
Labels: ရင်ကိုထိရှသော သီချင်း
Monday, January 26, 2009
တစ်သက်စာ
၁၉.၁.၂၀၀၉ တနင်္လာနေ့မနက်ကတင်တဲ့ ကိုဝင်းဇော်ရဲ့“ဆုံလိုက်တိုင်း” ပို့စ်ကို ဖတ်ပြီးတဲ့နောက် T-Home VCD Album ကိုမရအရ ရှာဖွေပြီးနားထောင်မိပါတယ်(Lလွန်းဝါဆိုရင်ကြိုက်တတ်လို့ပါ)… ဒီအယ်လ်ဘမ်ထဲမှာ ကိုယ်နှစ်သက်မိတဲ့ သီချင်း၅ပုဒ်ရှိပါတယ်… ဦးချစ်ကောင်းရဲ့“မိုးတိမ်လိုကျင့်ကြ”၊ ဆုန်သင်းရဲ့ “တစ်သက်စာ”၊ မာရဇ္ဇနဲ့လုလု ဆိုထားတဲ့ “ဝေးဝေးအလွမ်း”၊ Lလွန်းဝါရဲ့ “ဆုံလိုက်တိုင်း” နဲ့ မတင့်ရဲ့ “ချစ်ဓားပြ”...စတဲ့သီချင်းလေးတွေပါ…။ နေဇော်(TH-Z)နဲ့Kမီကိုရဲ့ “နေ၀င်ချိန်” ကတော့ လက်ခံနားထောင်လို့ရပေမယ့် အဲဒိနောက်ပိုင်းသီချင်းတွေကိုတော့ ဘယ်လိုမှ နားမယဉ်တော့ပါဘူး… အားလုံးထဲမှာမှ ကိုယ့်ရင်ကိုထိရှပြီး နှစ်သက်စွာခံစားနားထောင်မိတဲ့ သီချင်းကတော့ စံပီးရေးပြီး ဆုန်သင်းပါရ် သီဆိုထားတဲ့ “တစ်သက်စာ”ပဲဖြစ်ပါတယ် …။။။။။။
မျှဝေခံစားကြည့်ပါဦးနော်…
အချစ်…ကြိုတင်မမြင်နိုင်သော ဘ၀ပုစ္ဆာလိုငါမသိခဲ့
လုပ် မယူနိုင်ခဲ့သလို ဒါဘယ်လိုဖျက်မရပါ
ခဏ…ကြုံဆုံလာခဲ့သော အကြည့် ခံစားမိသူရဲ့
နှစ်ဦးသားအတူတူနားလည်လည်း…
မဖြစ်သင့်မှန်းသိတယ် ဦးနှောက်ကလည်းနားလည်တယ်
မလွန်ဆန်နိုင်နှလုံးသား…
နင်တစ်ယောက်တည်းလျှောက်လိုက်ပါ
ငါဝင်ခွင့်မရှိတဲ့ဘ၀မှာ
အလွမ်းတွေကလွဲပြီး ဘာမျှော်လင့်ရမှာ
ဒဏ်ရာကငါ့တစ်သက်စာ အသည်းမှာကျန်ကာကြွင်းသွားလည်း
အပြစ်မတင်ရက်ဘူးပေါ့ ရင်မှာသိမ်းထားဦးမှာပါ
တို့…အမျှော်လင့်ဆုံးအချစ်တို့ရှိနေလည်း
မင်း…မငိုပါနဲ့ချစ်သူရယ် အချစ်စစ်ဖြစ်ရင်တော့
ပေါင်းစပ်ခွင့်တော့မရပေမယ့်….
နင်တစ်ယောက်တည်းလျှောက်လိုက်ပါ
ငါဝင်ခွင့်မရှိတဲ့ဘ၀မှာ
အလွမ်းတွေကလွဲပြီး ဘာမျှော်လင့်ရမှာ
ဒဏ်ရာကငါ့တစ်သက်စာ အသည်းမှာကျန်ကာကြွင်းသွားလည်း
အပြစ်မတင်ရက်ဘူးပေါ့ ရင်မှာသိမ်းထားဦးမှာပါ
ဒဏ်ရာကငါ့တစ်သက်စာ
အသည်းမှာကျန်ကာကြွင်းသွားလည်း
အပြစ်မတင်ရက်ဘူးပေါ့
ရင်မှာသိမ်းထားဦးမှာပါ…..။
Posted by ကဗျာမ လေး at 2:52 PM 0 comments
Labels: ရင်ကိုထိရှသော သီချင်း
Tuesday, December 30, 2008
ငါအားနာတယ် ကောင်မလေး
တေးရေးကိုလေးလွင်ရဲ့ လက်ရာ.. အဆိုတော် " ကေကေတီ " ပြန်ဆိုထားတဲ့ သီချင်းလေးပါ...
Album name ကတော့ " နှင်းပွင့်သစ္စာ "ပါ ... မြန်မာပြည်သိန်းတန်ရဲ့ သီချင်းလေးတွေပါ ... ခံစားကြည့်ပါ ... ကောင်းလို့ပါ။
ကိုယ်ဟာဂီတသမား သိပ်အလုပ်များတယ် ဒါ အာရုံစိုက် အချိန်ကုန်နေ ငါမြေတောင် မြှောက်ပေးရမယ့် ကိစ္စလေးတွေ အချိန်သာ ကုန်လွန်သွားပေါ့ အလဟဿများ ...
ကောင်မလေး မင်းအတွက်တော့ အားနာတယ် ကမ္ဘာပေါ်မှာ ငါတစ်ယောက်ပဲ အားကိုးရှာ အကူအညီကလေး ရဖို့အတွက် စောင့်ရှာတယ် ပေးတော့မယ့် ဒီအချိန်ကစပေါ့ကွယ်...
ထာဝစဉ်ကြင်နာ သနား တောင်းပန်လျက်ကွယ် ငါ ကိုယ်တိုင်က အဆင်မပြေဘဲ ရွာကိုကျော်လွန်ပြီး ရွက်တိုက်သွားသလို အချိန်သာကုန်လွန်သွားပေါ့ အလဟဿများ ...
ကောင်မလေး မင်းအတွက်တော့ အားနာတယ် ကမ္ဘာပေါ်မှာ ငါတစ်ယောက်ပဲ အားကိုးရှာ အကူအညီကလေး ရဖို့အတွက် စောင့်ရှာတယ် ပေးတော့မယ့် ဒီအချိန်ကစပေါ့ကွယ်...
Posted by ကဗျာမ လေး at 2:32 PM 0 comments
Labels: ရင်ကိုထိရှသော သီချင်း
