Thursday, February 26, 2009

" ပေးစားသူနဲ့ ယူလိုက်ပါ "

အများနဲ့ တစ်ယောက်သမားမို့ပါ ဒီပွဲမှာ မေ ရှုံးရတယ်
အလှမဲ့ ဘ၀သမားမို့ပါ မယှဉ်ရဲပါ အချစ်ဆုံး အသက်ရယ်
ပင်ယံဆီမှာ 'မင်း' ဘ၀ သဇင်က ... ရွှေငွေရံခြယ် နန်းထက်အလယ်မှ
ရွှေငွေရံခြယ် နန်းထက်အလယ်မှ ... ပင်ယံဆီမှာ 'မင်း' ဘ၀ သဇင်က
ပေါ်လွင်စွာရယ် ၀င့်ကြွားလို့သာ တင့်တယ်မှာပါ
မေ့ဘ၀ ဇနပုဒ်မှာ မောင့်ဘ၀ ရွှေထုပ်ကို အနေစုတ်အောင်လည်း မေ မပြုရက်ပါ
ယှဉ်လိုပါတယ် သို့ပါသော်လည်း မယှဉ်ဝံ့ပါဘူး အချစ်ဆုံး အသည်းရယ်ကွာ...။
အဆောင်အယောင် စည်းစိမ်စွန့်ကာ မေ့ အပါးကို မောင် လိုက်ခဲ့ရင်
လူတကာပျက်ရယ်ပြုမှာ မေလေ မတွေးဝံ့ပါ
သူစိမ်းသူတွေ ကဲ့ရဲ့မှာစိုး 'မင်း' ဂုဏ်ငယ် ဖြစ်နေမှာစိုး
မကြည့်ရက်နိုင်ပါဘူးကွယ် မရှုစိမ့်နိုင်ပါဘူးကွယ်... မရှုစိမ့်နိုင်ပါဘူးကွယ် မကြည့်ရက်နိုင်ပါဘူးကွယ်
ခေါင်းခါကာ မငြင်းလိုက်ပါနဲ့ ပေးစားသူနဲ့ 'မင်း' ..... 'မင်း' ယူလိုက်ပါ.......။

5 Comments:

Welcome said...

စိတ်ထားလေးလှတယ် ...

စိုင်းနောင့် said...

သီချင်းစာသားဖတ်သွားတယ်
အသံနဲ့ဆို ပိုအဆင်ပြေမလားမသိ .. ..
တော်၂လေး လွမ်းပုံထောက်တယ်။

ကိုတိုး said...

အမရေ မောင်လေး သီချင်းလာနားထောင်တာ အမက ဆိုလည်းမဆိုပြတော့ ပြန်သွားပြီ စာသားလေးပဲ ဖတ်သွားတော့တယ်။ နေကောင်းပါစေ အစ်မရေ။

Anonymous said...

ဒီလို သူ့ကိုနှောက်ဆံတင်းစေနိုင်တဲ့ စကားတွေ၊ သီချင်းတွေ ကဗျာတွေက နှစ်ဦးစလုံးရဲ့ ရင်ကို ပိုပြီး ပူလောင်စေနိုင်ပါတယ်။ အပူဆိုတာ ကိလေသာတွေပါ။ သူ့အကျိုးကို တကယ်လိုလားရင် အတတ်နိုင်ဆုံး စိတ်ကို သန့်စင်အောင် လုပ်ပြီး ရာတနာသုံးပါးကို အမြဲနှလုံးသွင်းပြီး ဆည်းကပ်ပါ။ အခုလိုကျတော့ ကိုယ့်ထက်အများကြီး ငယ်တဲ့ကလေးတွေက ကိုယ့်ကို မခန့်မလေးစား သရော်သလို Comment တွေ လာပေးတာပဲ အဖတ်တင်ပြီး ကိုယ့်အတွက်လည်း အပူက မအေးလာဘူး။ စေတနာဖြင့် အကြံပြုခြင်း ဖြစ်ပါတယ်။ ချမ်းမြေ့ပါစေ။

Unknown said...

စာတွေ ကဗျာတွေ လာဖတ်ပါတယ်နော်..

Post a Comment