Saturday, November 1, 2008

ကျန်းမာရေး

အခန်းအတွင်း ရွေ့လျားပန်ကာ ဖွင့်ပေးခြင်းဖြင့် ကလေးငယ်များ ရုတ်တရက်သေဆုံးမှုမှ လျော့ကျစေနိုင်.......

အခန်းအတွင်း ပန်ကာကို လိုအပ်သော နှုန်းဖြင့်ဖွင့်ပြီး ကလေးငယ်များအား အိပ်စေပါက ရုတ်တရက်သေဆုံးမှုမှ လျော့ကျစေနိုင်ပါသည်။
ရွေ့လျားပန်ကာကို သတ်မှတ်နှုန်းဖြင့် ချိန်ညှိကာ ဖွင့်ပေးထားခြင်းသည် အခန်းအတွင်းရှိ လေများကို သန့်ရှင်းမှုဖြစ်စေပြီး လေ၀င်လေထွက် ကောင်းမွန်စေကာ အခန်းအပူချိန်ကိုလည်း ထိန်းညှိပေးနိုင်သည့်အတွက် ရောဂါဝေဒနာတစ်ခုခု ခံစားနေရသော ကလေးငယ်များ ရုတ်တရက်သေဆုံးခြင်းမဖြစ်နိုင်ကြောင်း သုတေသနပညာရှင်များက ပြောကြားထားပါသည်။
ထို့အတူ ပုံမှန်ကျန်းမာရေးကောင်းမွန်သော ကလေးငယ်များအနေဖြင့်လည်း အခန်းအပူချိန်မြင့်တက်မှုနှင့် ပတ်ဝန်းကျင်၌ လိုအပ်သောအောက်ဆီဂျင် အပြည့်အ၀ မရရှိမှုတို့ကြောင့် ကလေးများ ရုတ်တရက်သေဆုံးမှုတို့ ဖြစ်ပွားနိုင်ရာ အခန်းအတွင်း လေ၀င်လေထွက်ကောင်းအောင် ပြုလုပ်ထားသင့်ပါသည်။
အသက်ငါးနှစ်အောက်ကလေးငယ် ၅၀၀ကို သုတေသနပြုခဲ့ရာ အခန်းအတွင်း လေ၀င်လေထွက်ကောင်းစေရန် ပန်ကာအသုံးပြုအိပ်စက်သည့် ကလေးငယ်များသည် အိပ်နေစဉ် ရုတ်တရက်သေဆုံးမှုမျိုးမရှိကြောင်း တွေ့ရှိရသည်ဟု သိရှိရပါသည်။

Wednesday, October 29, 2008

အသားညှပ်ပေါင်မုန့်များ နေ့စဉ်စားသုံးပါက...

အသားညှပ်ပေါင်မုန့်များ နေ့စဉ်စားသုံးပါက အူမကြီးကင်ဆာဖြစ်ပွားနိုင်...

အသားညှပ်ပေါင်မုန့်များကို နေ့စဉ် စားသုံးလေ့ရှိသူများသည် အူမကြီးကင်ဆာဖြစ်ပွားရန် အခွင့်အလမ်းပိုများပါသည်။
ဟော့ဒေါ့ အပါအ၀င် အသားများကို ကြော်လှော်ချက်ပြုတ်ကာ တာရှည်ခံအောင်ထားရှိသော အသားညှပ်မုန့်များတွင် ကြာရှည်ခံ ဓာတုဗေဒပစ္စည်းများ၊ အရောင်ဆိုးဆေးများကို ခေတ်မီနည်းပညာဖြင့် ပေါင်းစပ်ပြုလုပ်ထားသဖြင့် စားသုံးသူများအတွက် အူမကြီးကင်ဆာ ဖြစ်ပွားစေနိုင်ပါသည်။
နေ့စဉ် အသားညှပ်ပေါင်မုန့်စားသုံးသူ ၁၀၀၀၀ကို သုတေသနပြုခဲ့ရာတွင် ၂၁ ရာခိုင်နှုန်းမှာ အူမကြီးကင်ဆာဖြစ်ပွားကြသည်ကို တွေ့ရကြောင်း သုတေသနပညာရှင်များက ပြောကြားထားပါသည်။