
အစ်ကို အစ်ကို
အစ်ကိုက ဆရာဝန်ဆိုရင်လေ
သိချင်တာ ကျွန်တော်ရွေး
မေးပါရစေ ..... ။
ခွဲစိတ်ရင်း တစ်ခါတလေ
မိန်းမတွေရင်ထဲ
ကလေးတွေ အမြွှာပူးသလို
အသဲတွေ အမြွှာပူးနေတာများ
တွေ့ဖူးပါစ ..... ။
မတွေ့ဖူးရင်ဖြင့် တွေ့ဖူးအောင်
ကျွန်တော် ညွှန်လိုက်မယ်
ကျွန်တော့် ချစ်သူ ကျွန်တော့် လည်ရွဲ
သူလည်းပါတယ် ..... ။
တွယ်ရာမှာ တစ်ချစ်လှယ်
ကွယ်ရာမှာ တစ်ချစ်ပျိုး
မွေးရာပါ သူတို့အသဲ
ရှိမြဲထက်တိုး ......... ။
Friday, November 21, 2008
နှစ်မြွှာ အသဲ
Posted by ကဗျာမ လေး at 11:38 AM 2 comments
Labels: နှစ်မြွှာ အသဲ
Subscribe to:
Posts (Atom)
