မင်းပဲ ချစ်တဲ့အကြောင်းတွေ သင်ပေးသလို
မင်းပဲ မုန်းတဲ့အကြောင်း သင်ပေး
မင်းအတွက် လူးလွန့်ခဏတာ ရေပွက်လေး ... ဒါပေမယ့် တို့အတွက် ဘ၀တစ်သက်စာပါလေ
မင်းက ခရီးတစ်ထောက်နားလို့ ထွက်သွားအဝေး
တို့က တမ်းတရသူလေ
ခေါင်းမော့ ဟားတိုက် ရက်စက်နိုင်သူရေ ... ရယ်သံများ နားထဲ ရိုက်ခတ်ထင်ကျန်နေ
ရင်ခွင်ထဲ 'မင်း' မှ 'မင်း' ပဲ အချစ်ဆုံးရေ ... နာကျင်လည်း ကြိုးစားပြုံးလို့ နေမယ်လေ
ဒီချိန်ထိ 'မင်း' မှ 'မင်း' ပဲ အချစ်ဆုံးရေ ... အိပ်မက်ရှည် မမောတမ်း ဆက်မက်နေမယ်လေ
ပြုံးပြနှုတ်ဆက်ကြတဲ့ အချိန်လေးတွေ
ခုထိ အမှတ်ရဆဲပါလေ
အလွမ်းများ ခင်းဖြန့်ထားတာ ရေတွက်ရင်း ... တစ်ယောက်တည်း တိတ်တိတ်ကြိတ်လို့ ငိုမယ်လေ
ရင်ခွင်ထဲ 'မင်း' မှ 'မင်း' ပဲ အချစ်ဆုံးရေ ... နာကျင်လည်း ကြိုးစားပြုံးလို့ နေမယ်လေ
ဒီချိန်ထိ 'မင်း' မှ 'မင်း' ပဲ အချစ်ဆုံးရေ ... အိပ်မက်ရှည် မမောတမ်း ဆက်မက်နေမယ်လေ
Look back to memory lane
-
ဟိုးအရင်နှစ်တွေက Memory အဟောင်းတွေ ပြန်ကြည့်မိရင် စိတ်က ရုတ်တရက် နူးညံ့
ကြည်လင်သွားသလိုပဲ... ချက်ချင်းကို စာအသစ်တွေ ရေးဖွဲ့ချင်စိတ်လည်း
ဖြစ်လာမိတယ်။ ဒါမယ့်...
2 months ago
2 Comments:
ဘာမှ မျှော်လင့်ချက် မရှိတော့ဘူးဆိုရင်တော့ မုန်းတဲ့အကြောင်း သင်ပေးတဲ့သူကို ရဲရဲသာ မုန်းပစ်လိုက်ပါ။ ကိလေသာကို အားကြီးစေတဲ့ ဘယ်လိုစိတ်အညစ်အကြေးကိုမှ သိမ်းမထားချင်ရင်တော့ ချစ်ခြင်းမုန်းခြင်းမပါပဲ သူ့အကျိုးလိုသာ လိုလားတဲ့ မေတ္တာကိုသာ အားထားပါ။ ဝေဒနာတွေ သက်သာပါစေ။
မုန်းဖို့ရတော့ မဖြစ်နိုင်ပါဘူးလေ... မုန်းတဲ့အကြောင်းသင်ပေးခဲ့တယ်ဆိုပေမယ့် မတတ်ခဲ့တာအမှန်ပါ ... သူ့အကျိုးကိုတော့ အမှန်တကယ်လိုလားပါတယ် ... သူ့ကိုသိစေချင်တယ်။
Post a Comment