၁၉.၁.၂၀၀၉ တနင်္လာနေ့မနက်ကတင်တဲ့ ကိုဝင်းဇော်ရဲ့“ဆုံလိုက်တိုင်း” ပို့စ်ကို ဖတ်ပြီးတဲ့နောက် T-Home VCD Album ကိုမရအရ ရှာဖွေပြီးနားထောင်မိပါတယ်(Lလွန်းဝါဆိုရင်ကြိုက်တတ်လို့ပါ)… ဒီအယ်လ်ဘမ်ထဲမှာ ကိုယ်နှစ်သက်မိတဲ့ သီချင်း၅ပုဒ်ရှိပါတယ်… ဦးချစ်ကောင်းရဲ့“မိုးတိမ်လိုကျင့်ကြ”၊ ဆုန်သင်းရဲ့ “တစ်သက်စာ”၊ မာရဇ္ဇနဲ့လုလု ဆိုထားတဲ့ “ဝေးဝေးအလွမ်း”၊ Lလွန်းဝါရဲ့ “ဆုံလိုက်တိုင်း” နဲ့ မတင့်ရဲ့ “ချစ်ဓားပြ”...စတဲ့သီချင်းလေးတွေပါ…။ နေဇော်(TH-Z)နဲ့Kမီကိုရဲ့ “နေ၀င်ချိန်” ကတော့ လက်ခံနားထောင်လို့ရပေမယ့် အဲဒိနောက်ပိုင်းသီချင်းတွေကိုတော့ ဘယ်လိုမှ နားမယဉ်တော့ပါဘူး… အားလုံးထဲမှာမှ ကိုယ့်ရင်ကိုထိရှပြီး နှစ်သက်စွာခံစားနားထောင်မိတဲ့ သီချင်းကတော့ စံပီးရေးပြီး ဆုန်သင်းပါရ် သီဆိုထားတဲ့ “တစ်သက်စာ”ပဲဖြစ်ပါတယ် …။။။။။။
မျှဝေခံစားကြည့်ပါဦးနော်…
အချစ်…ကြိုတင်မမြင်နိုင်သော ဘ၀ပုစ္ဆာလိုငါမသိခဲ့
လုပ် မယူနိုင်ခဲ့သလို ဒါဘယ်လိုဖျက်မရပါ
ခဏ…ကြုံဆုံလာခဲ့သော အကြည့် ခံစားမိသူရဲ့
နှစ်ဦးသားအတူတူနားလည်လည်း…
မဖြစ်သင့်မှန်းသိတယ် ဦးနှောက်ကလည်းနားလည်တယ်
မလွန်ဆန်နိုင်နှလုံးသား…
နင်တစ်ယောက်တည်းလျှောက်လိုက်ပါ
ငါဝင်ခွင့်မရှိတဲ့ဘ၀မှာ
အလွမ်းတွေကလွဲပြီး ဘာမျှော်လင့်ရမှာ
ဒဏ်ရာကငါ့တစ်သက်စာ အသည်းမှာကျန်ကာကြွင်းသွားလည်း
အပြစ်မတင်ရက်ဘူးပေါ့ ရင်မှာသိမ်းထားဦးမှာပါ
တို့…အမျှော်လင့်ဆုံးအချစ်တို့ရှိနေလည်း
မင်း…မငိုပါနဲ့ချစ်သူရယ် အချစ်စစ်ဖြစ်ရင်တော့
ပေါင်းစပ်ခွင့်တော့မရပေမယ့်….
နင်တစ်ယောက်တည်းလျှောက်လိုက်ပါ
ငါဝင်ခွင့်မရှိတဲ့ဘ၀မှာ
အလွမ်းတွေကလွဲပြီး ဘာမျှော်လင့်ရမှာ
ဒဏ်ရာကငါ့တစ်သက်စာ အသည်းမှာကျန်ကာကြွင်းသွားလည်း
အပြစ်မတင်ရက်ဘူးပေါ့ ရင်မှာသိမ်းထားဦးမှာပါ
ဒဏ်ရာကငါ့တစ်သက်စာ
အသည်းမှာကျန်ကာကြွင်းသွားလည်း
အပြစ်မတင်ရက်ဘူးပေါ့
ရင်မှာသိမ်းထားဦးမှာပါ…..။
Monday, January 26, 2009
တစ်သက်စာ
Posted by ကဗျာမ လေး at 2:52 PM
Labels: ရင်ကိုထိရှသော သီချင်း
Subscribe to:
Post Comments (Atom)

0 Comments:
Post a Comment