ဒီနေ့ အစည်းအဝေးရှိတယ်ဆိုမှ ပို့စ်လေးတစ်ပုဒ် ရေးဖို့လုပ်ထားတာ သတိရသွားတယ်…။
“ခေါင်းဆောင်”ဖြစ်ဖို့ ဘာတွေလိုအပ်တယ် ဘယ်လိုနေထိုင်ကျင့်ကြံရမယ် ဆိုတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့သဘောသဘာဝ အရည်အချင်းလေးတွေကို မှတ်သားမိသလောက် ရေးသားမျှဝေလိုတဲ့ဆန္ဒလေးပါ…။
အဖွဲ့အစည်းတစ်ခုမှာ စီမံခန့်ခွဲမှုကောင်းရုံနဲ့အောင်မြင်မှုဆိုတာမရရှိနိုင်ပါဘူး၊ စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှုပါကောင်းမှ မည်သည့်ကိစ္စမဆို အောင်မြင်နိုင်မှာပါ။
ဒီနေရာမှာ ခေါင်းဆောင်မှုရဲ့ အဓိပ္ပါယ်ကိုဖွင့်ဟရမယ်ဆိုလျင် “လူသားတွေရဲ့စွမ်းရည်ကို စနစ်တကျစုစည်းပြီး စွမ်းအားတစ်ခုရအောင် ဖော်ဆောင်၊ဖော်ထုတ်နိုင်တဲ့ အရည်အချင်း”လို့ သိရပါတယ်… ဒါ့အပြင် “သတ်မှတ်ထားတဲ့ရည်မှန်းချက်ကို ပေးလာတဲ့ တွေ့ကြုံလာတဲ့ အခြေအနေတစ်ရပ်မှာ လူတစ်စုရဲ့လုပ်ဆောင်မှုကို လွှမ်းမိုးဆွဲဆောင်ပြီး စီစဉ်လုပ်ဆောင်ရမယ့် စဉ်ဆက်မပြတ်လုပ်ငန်းစဉ်”လို့လဲ မှတ်သားဖူးပါတယ်…။
ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုလျင်…
ခေါင်းဆောင်လုပ်သူဟာ သူ့အဖွဲ့အစည်းမှာ ချမှတ်ထားတဲ့ တာဝန်ဝတ္တရား စည်းကမ်းများကို မှတ်သားနာယူ လိုက်နာကျင့်သုံးပြီး မိမိကိုယ်မိမိလည်း ပြုစုပျိုးထောင်နိုင်ရပါမယ်။
တူညီတဲ့ရည်မှန်းချက်တစ်ရပ်ကို အောင်မြင်အောင်ဆောင်ရွက်တဲ့အခါ အဖွဲ့ဝင်အားလုံးကို စည်းရုံးဆွဲဆောင်နိုင်တဲ့ စွမ်းရည်၊ အရည်အချင်းရှိရမယ်။
ဦးဆောင်မှုပေးလိုတဲ့ ဆန္ဒရှိရမယ်။
အဖွဲ့ဝင်တွေရဲ့ ယုံကြည်မှုကို လှုံ့ဆော်ရယူနိုင်တဲ့ ရိုးသားမှု၊ပွင့်လင်းမှု၊သမာဓိရှိမှု ဆိုတဲ့ ခိုင်မာတဲ့ အကျင့်စာရိတ္တရှိရမယ်။
ခေါင်းဆောင်ဖြစ်ဖို့ နောက်လိုက်ရှိရမယ်၊ ခေါင်းဆောင်လုပ်မယ့် မိမိကိုယ်တိုင်သည်လည်း နောက်လိုက်ကောင်း ဖြစ်ခဲ့ရမယ်၊ ဖြစ်ပေါ်လာတဲ့အခြေအနေမှာ အောင်မြင်ပေမယ့် တခြားတစ်နေရာမှာ မအောင်မြင်နိုင်ပါဘူး…ဒါ့ကြောင့် မာန်တက်ခြင်း၊ စိတ်ဓာတ်ကျခြင်းလည်း မရှိစေရပါဘူး။
“ခေါင်းဆောင်ဖြစ်စေချင်တဲ့အလုပ်ကို ဆုပေး၊ဒဏ်ပေးကြောင့်မဟုတ်ဘဲ ဖြစ်စေချင်တဲ့ဆန္ဒကို လုပ်ပေးချင်စိတ်ဖြစ်လာအောင် စည်းရုံးဆွဲဆောင်နိုင်တဲ့ သူမှသာလျှင် ခေါင်းဆောင်”လို့ သတ်မှတ်နိုင်ပါသတဲ့…။…
…ဆက်လက်ရေးသားပါဦးမည်။…
Look back to memory lane
-
ဟိုးအရင်နှစ်တွေက Memory အဟောင်းတွေ ပြန်ကြည့်မိရင် စိတ်က ရုတ်တရက် နူးညံ့
ကြည်လင်သွားသလိုပဲ... ချက်ချင်းကို စာအသစ်တွေ ရေးဖွဲ့ချင်စိတ်လည်း
ဖြစ်လာမိတယ်။ ဒါမယ့်...
2 months ago
2 Comments:
ကြိုက်လွန်းလို့.. Print ထုတ်သွားပါတယ်..
အားပေးနေတယ်နော်..
စာတွေ ကဗျာတွေ လာဖတ်ပါတယ်။ ဘယ်တွေပျောက်၊ ဘာတွေလုပ်နေလဲ။
Post a Comment