ခံစားချက်တို့နယ်ကျွံ
လွန်တာတွေရှိခဲ့လို့
ဝန္ဒာမိပါဆိုရင်လည်း
ချစ်သူကပြုံး
အမုန်းတုနဲ့ဟန်ဆောင်
လှောင်ပြောင်လို့နေဦးမှာပဲ...
မငဲ့ညှာ ထွက်ခွာလို့
ကျောခိုင်းခဲ့ပြီးကာမှ
လွမ်းမျက်ရည်စမ်းနဲ့တော့
တမ်းတမနေပါနဲ့ ချစ်သူရယ်...
ထာဝရအမုန်းတွေကိုသယ်ဆောင်
ခန္ဓာဆုံးသည့်တိုင်အောင်
မောင်နဲ့ဝေးရာပုန်းရှောင်လို့
သည်ဝဋ်နှောင်ထဲကကျွန်မ
လွတ်ငြိမ်းခွင့်ရပါရစေတော့.....။
Tuesday, January 6, 2009
လွတ်ငြိမ်းခွင့်ပြုပါ
Posted by ကဗျာမ လေး at 8:45 AM
Labels: ကိုယ်တိုင်ရေး ကဗျာ
Subscribe to:
Post Comments (Atom)

3 Comments:
အစ်မ
ကဗျာလေးဖတ်သွားတယ်
အမုန်းတုတစ်ခုရဲ့နောက်ကွယ်မှာ
လေးနက်ပြီး ဖော်မပြနိုင်တဲ့
အချစ်တွေရှိနေတတ်ပါတယ်။
ရှောင်ပုန်းမယ့် အချစ်က
သူ့အတွက်ရော ကိုယ့်အတွက်ပါ
ယဉ်ယဉ်လေး ခွဲခွာစေတဲ့ ပြယုဂ်လေးပါ။
စိတ်ဒဏ်ရာတွေ အမြန်ဆုံး
သက်သာစေဖို့ မျှော်လင့်ပါတယ်။
အရမ်း ခံစားနေရသလား အစ်မ... အဆင်ပြေ ပါစေဗျာ...
ကဗျာလေး ဖတ်ပြီး ကြေကွဲ ရပါတယ်.. နှစ်သက်မိပါတယ် ခင်ဗျာ..
Post a Comment