Tuesday, January 6, 2009

အရှုံးသမား

အချစ်ရှုံးပေမယ့်
ဘ၀တော့ မဆုံးသေးပါဘူးလေ
သူပစ်ခွာမုန်းပေမယ့်လည်း
နှလုံးသားက မာဆဲပါလေ.....။
အရှုံးသမားဆိုတာ
နှလုံးသားအတွက်
မုသားမလိုပါဘူး...
အပြုံးများနဲ့သူသာ
ပလီပလာတွေပွား
မာယာနဲ့ကစားနေတာပါ.....။
အချစ်နဲ့အမုန်း
သည်ဇာတ်ရဲ့အဆုံးမှာ
အရှုံးသမားကိုယ်
ကြိုတင်ကာဖွင့်ဟ
ဖြစ်လေရာ ဘ၀ ဘ၀ မှာလေ
အချစ်ကို မသိတတ်သူသာ ဖြစ်ပါစေလို့.....။

5 Comments:

ပျံသန်းခြင်းရပ်ဝန်း said...

အချစ်ကိုမသိတတ်လို့တော့မရဘူးနော်အစ်မရေ...
ခင်လို့ပါ...

အလည်တစ်ခေါက်လာရောက်ပျံသန်းသွားတဲ့အတွက်ကျေးဇူးပါ။
အားပေးလျက်
နွေသူရ

Welcome said...

အစ်မချစ်နှင်း
ကိုယ်ကချစ်သလို သူက ပြန်ချစ်မယ်လို့
မျှော်လင့် ယုံကြည်တာမျိုးက မှားပါတယ်။
မေတ္တာဆိုတာ သူ့အကျိုး လိုလားခြင်းဖြစ်ပါတယ်။
ကိုယ်က ရယူပိုင်ဆိုင်လိုတာမျိုး မဟုတ်ပါဘူး။
ကိုယ်က သူ့အကျိုးလိုလားပြီး သူ့အပေါ်
ဖြူစင်တဲ့ မေတ္တာမျိုးထားရင် သူကလည်း ကိုယ့်အပေါ်
ဖြူ၂စင်၂မေတ္တာမျိုး ပြန်ထားလာမှာပါ။
မေတ္တာနဲ့ အချစ်မတူပါဘူ။
အချစ်ဆိုတာ ရယူပိုင်ဆိုင်လိုခြင်းတွေ
ပြည့်သိပ်နေတဲ့ စိတ်ခံစားမှု တစ်မျိုးပါ။
အချစ်မှာ တစ်ဖက်သတ်ဆန်တာတွေ့ဖူးပါတယ်။
ကိုယ်ကချစ်တိုင်း သူက ပြန်မချစ်ပါဘူး။
သူကချစ်တိုင်းလည်း ကိုယ်က ပြန်မချစ်နိုင်ပါဘူး။
ဒီသဘောလေးပါ။
ပျော်ရွှင်နိုင်ပါစေ .. ..

စိုင်းစိုင်းလားရှိုး said...

အရမ်းနူးညံ့သိမ်မွေ့တဲ့ အချစ်ကို တခါတရံ နားလည်ရခက်တယ်နော်။

Anonymous said...

ပေးဆပ် ချစ်နေသူ အတွက်တော့ ချစ်ခွင့်ရတဲ့ အခြေ အနေဟာ သူ့ အတွက် လုံလောက် နေမယ် ထင်ပါတယ်.။ ဟုတ်တော့ ဟုတ်ပါတယ် လေ. ပေးဆပ်ရတာ များလာတော့လည်း နည်းလည်းလေး မျှော်လင့် မိမှာပါ.။ ဘာပဲ ဖြစ်ဖြစ်ပါ. သူလည်း အစ်မ အတွက် တစ်နေရာတော့ ရှိနေမယ် ထင်ပါတယ်.။

Anonymous said...

ချစ်ကံဆိုး မဖြစ်ဘူး ဆိုရင် အချစ်နဲ့တော့ ကြုံချင်သေးတယ်.. မကြုံရင် မျှော်နေရမှာ စိုလို့.. နောက်တာပါ အစ်မ.. ကဗျာလေးကို နှစ်သက်စွာ ခံစားသွားတယ်..

မောင်သစ်ဆင်း..

Post a Comment