ရေးချင်နေတာ ကြာပါပြီ ... ဒါပေမယ့် ရေးတော့မယ်ဆိုတိုင်း စကားလုံးတွေ ပျောက်ပျောက်သွားတာနဲ့ မရေးဖြစ်ခဲ့ဘူး ..... အခုတော့ တိုက်ဆိုင်မှုတွေ များသထက်များလာတာနဲ့ ရေးကြည့်လိုက်ဦးမယ်ဆိုပြီး ရေးဖြစ်သွားတယ်...။ ရေးသာရေးရတယ် ရည်ရွယ်ချက်ပျောက်မှာလည်း စိုးရတယ်... ဆိုလိုရင်းကို မပေါ်လွင်ပဲ နားမလည်နိုင် ဖြစ်မှာလဲ စိုးတယ်...။
အပြန်အလှန် ဆိုတဲ့စကား နေရာတိုင်းမှာ အသုံးများပါတယ်.. သို့ပေသည့် တချို့ တချို့သောသူများက နေရာလွဲပြီး သုံးနှုန်းနေကြတာကိုလည်း တွေ့မြင်နေရပြန်ပါတယ်....။
လောကကြီးမှာ ကျေးဇူးတရားကို မသိတတ်တဲ့သူတွေ သိပ်များနေတယ်... ကျေးဇူးပြုပေးတဲ့သူ (လိုအပ်ချိန်မှာ ကူညီပေးသူ)ဟာ ဘာကိုမှ ပြန်လည်မျှော်လင့်ပြီး ကျေးဇူးပြုပေးလိုက်တာ မဟုတ်ပေမယ့် ... ကျေးဇူးပြုခံရသူဟာ ကျေးဇူးတရားကို သိနားလည်ဖို့ လိုပါလိမ့်မယ် ... ကျေးဇူးတုံ့ပြန်ဖို့ ကျေးဇူးဆပ်ဖို့ မလိုအပ်ပေမယ့် ... ကျေးဇူးတော့မကန်းသင့်ဘူးလေ ...။ တိုက်ဆိုင်လို့ ကျေးဇူးပြုပေးခဲ့သူမှာ တူညီသော အကူအညီမျိုး လိုအပ်မှုနဲ့ ကြုံဆုံလာတဲ့အခါ ပြန်လည်ကူညီပေးတတ်မယ် ဆိုရင် ... ကျေနပ်စရာပါ...။ ဒီလိုမဟုတ်ဘဲ ကျေးဇူးမေ့တတ်သူတွေလည်း တစ်ပုံတစ်ပင်ပါပဲ ဆိုတာ နေရာတော်တော်များများ မှာ တွေ့မြင်နေရပါတယ် ...။
တချို့ကျတော့ ကျေးဇူးတရားနဲ့ မဆိုင် ..... ကိုယ်ကမုန့်ကျွေးလို့ သူက ပြန်ကျွေးတာမျိုး ... ကိုယ်ကဒါလေး ပေးလို့ ငါလည်း ဒီဟာလေး ပြန်ပေးဦးမှ ဆိုတဲ့ အပြန်အလှန် သဘောလေးတွေလည်း တွေ့ရတတ်တယ် ..... အဲဒီလို အခါမှာတော့ စိတ်မှာ တစ်ခုတွေးမိတယ် ... သူပေးလို့ ကိုယ်ပြန်ပေးတယ် ဆိုတော့ နွေးထွေးမှု ခင်မင်မှု ဆိုတာပျောက်နေသလိုပဲ ...။
လောကကြီးမှာ အပေါ်ယံ သဘောနဲ့ မဆက်ဆံဘဲ ... လေးနက်တဲ့ စစ်မှန်မှုတွေနဲ့ နေထိုင်သွားကြမယ် ဆိုရင် ..... လူသားအချင်းချင်း စာနာ နားလည်မှုတွေနဲ့ တို့ ကမ္ဘာကြီးက ထာဝရ သာယာအေးမြနေမှာပဲ လို့ တွေးမိပါတယ်.......။
စာအရေးအသား က သိပ်မတတ်တော့ သည်းခံပြီးသာ ဖတ်ပေးကြပါနော်....ခပ်ညံ့ညံ့လက်ရာလေး အားပေးကြပါဦးလို့။
Look back to memory lane
-
ဟိုးအရင်နှစ်တွေက Memory အဟောင်းတွေ ပြန်ကြည့်မိရင် စိတ်က ရုတ်တရက် နူးညံ့
ကြည်လင်သွားသလိုပဲ... ချက်ချင်းကို စာအသစ်တွေ ရေးဖွဲ့ချင်စိတ်လည်း
ဖြစ်လာမိတယ်။ ဒါမယ့်...
2 months ago
2 Comments:
အစ်မရဲ့ ပို့စ်လေး အရမ်း ကောင်းတယ်.။
တစ်ခုခုတော့ ပြန်ရစကောင်းရယ်လို့ ကူညီခဲ့တာမဟုတ်ပေမယ့် အသိအမှတ်ပြုတာတို့ တစ်ချိန်ချိန်မှာလိုအပ်ခဲ့လို့ ပြန်အကူအညီတောင်းခဲ့ရင် ကူညီမှာပါလေဆိုတဲ့ နောက်ကွယ်က မျှော်လင့်ချက်တော့ ရှိတတ်တယ်ဗျ။ မှားလားမှန်လားမသိပေမယ့် ကူညီချင်တဲ့ စိတ်ခံကို ဘယ်လိုမှ ဖျောက်ဖျက်လို့မရတော့လည်း ခက်သားလား
Post a Comment