Tuesday, November 4, 2008

ဘ၀အမောပြေ (၃)

ကုမ္ပဏီတစ်ခုတွင် အကြွားပိုသော မန်နေဂျာတစ်ဦးက ဧည့်သည်တစ်ဦးဝင်လာသည်ကို မြင်သဖြင့် အလုပ်များဟန်ဆောင်ကာ ဖုန်းကောက်ကိုင်ပြီး စကားပြောနေလေသည်။
မန်နေဂျာ
။ ။ ကျွန်တော်တို့က အလုပ်အရမ်းများပါတယ်... အချိန်သိပ်မပေးနိုင်ပါဘူး။ အော်ဒါတွေလည်း အများကြီး လက်ခံထားရပါတယ်။
ထိုစဉ် အနီးနား၌ရပ်နေသည့်ဧည့်သည်က...
ဧည့်သည် ။ ။ ဆရာ... တဆိတ်လောက်ခွင့်ပြုပါ။
မန်နေဂျာ ။ ။ ခဏလေး... အလုပ်များနေလို့... ဟုဆိုကာ ဖုန်းဖြင့် စကားဆက်ပြောပြန်သည်။
ဧည့်သည် ။ ။ ဆရာ... ခဏလေးနေပါဦး။
မန်နေဂျာ ။ ။ ထိုအခါ ဖုန်းပြောနေရာမှ... ဧည့်သည်ဘက်လှည့်ပြီး... ဒီမှာအလုပ်ကိစ္စ အရေးတကြီးပြောနေတာဗျ... ခင်ဗျား ခဏစောင့်ပေးပါ။
ဧည့်သည် ။ ။ ကျွန်တော်ပြောတာ နားထောင်ပေးပါဦး။
မန်နေဂျာ ။ ။ ကဲ...မြန်မြန်ပြော၊ ဒီမှာဖုန်းနဲ့စကားပြော မပြတ်သေးဘူး။
ဧည့်သည် ။ ။ ကျွန်တော်က ဆက်သွယ်ရေးဝန်ထမ်းပါ... ဆရာ့ဖုန်းက လိုင်းမချိတ်ရသေးလို့ အခုမှလာချိတ်ပေးတာပါ။
မန်နေဂျာ ။ ။ " ဗျာ "

0 Comments:

Post a Comment