ဖတ်ရင်း...ဖတ်ရင်းနဲ့ ကြိုက်လွန်းလို့ ခိုးလာတဲ့ ကဗျာလေးပါ ..... ဟိ ဟိ။
" တစ်ခါက အလွမ်းပြေ အိမ်လေးအတွက် "
ကိုယ်နေတာက တစ်အိမ်
သူနေတာက တစ်အိမ်
အိမ်အပြင်အဆင်ချင်းလည်း မတူညီ
အရပ်ဒေသချင်းလည်း မတူညီ
နာရီ စံတော်ချိန်ချင်းလည်း မတူညီ
ဘာသာစကားချင်းလည်း မတူညီ
လူမျိုးနွယ်စုချင်းလည်း မတူညီ
သို့ပေမယ့်
ခံစားမှုချင်း တူခဲ့သည်
နှလုံးသားချင်း တူခဲ့သည်
ရင်ခုန်သံချင်း တူခဲ့သည်
သံယောဇဉ်ချင်း တူခဲ့သည်
အလိုက်သိမှုချင်း တူခဲ့သည်
အယူအဆချင်း တူခဲ့သည်
စာနာမှုချင်း တူခဲ့သည်
စိတ်ကူးချင်း တူခဲ့သည်
တူနှစ်ကိုယ် ဘယ်မျှဝေးဝေး
သူ့အိမ်ကို ကိုယ်နေ့တိုင်းရောက်သည်
ကိုယ့်အိမ်ကို သူလေးနေ့တိုင်းရောက်သည်
ကိုယ်နေတာက တစ်အိမ်
သူနေတာက တစ်အိမ်
သို့ပေမယ့်
ထာဝရ နှစ်အိမ့်တစ်အိမ် .. .. ။
Look back to memory lane
-
ဟိုးအရင်နှစ်တွေက Memory အဟောင်းတွေ ပြန်ကြည့်မိရင် စိတ်က ရုတ်တရက် နူးညံ့
ကြည်လင်သွားသလိုပဲ... ချက်ချင်းကို စာအသစ်တွေ ရေးဖွဲ့ချင်စိတ်လည်း
ဖြစ်လာမိတယ်။ ဒါမယ့်...
3 weeks ago
0 Comments:
Post a Comment