Thursday, November 20, 2008

မောင်


ငြိတွယ်မိတဲ့
သံယောဇဉ် အတွက်
လျော်ကြေးဆိုတာ
ပေးဆပ်ခြင်းတဲ့လား ... မောင်ရယ် ...။

4 Comments:

Anonymous said...

ပေးဆပ်ခြင်း မဟုတ်ဘူး အကြွေးဆပ်ခြင်း.။ ဟိ... :P
ငိုရဘူးနော် တိတ်တိတ်... :(

Anonymous said...

အမ ညီမ စာအုပ်တစ်အုပ်ဖတ်ဖူးတယ်
သံယောဇဉ်နဲ့ပတ်သက်လို့တော့ ဟုတ်ဘူး
မေတ္တာပါ
မေတ္တာကို ငါဘယ်လောက်ပေးလိုက်ရပြီး ငါဆီ ဘယ်လောက်ပြန်ရပါစေဆိုတဲ့ မျှော်လင့်ချက်နဲ့ ဘယ်တော့မှ မပေးပါနဲ့တဲ့
ပြန်မရခဲ့ရင် ပင်ပန်းတယ်တဲ့
အတောင်ပံ့လေးသာ တပ်ပေးလိုက်ပါတဲ့ ဘယ်ဆီ ရောက်ရောက်ပေါ့
အသွားအပြန်တစ်ခုကို မျှော်မှန်းနေရင် မေတ္တာပေးတာမဟုတ်ဘဲ လဲလှယ်တာ ဖြစ်သွားမှာတဲ့
အတ္တကျော် စာအုပ်ထဲကပါ

ကဗျာမ လေး said...

ကျေးဇူးပါ ညီမလေး
' မေတ္တာပေး၍ မေတ္တာမရပါ ' ဆိုစကားအတိုင်း မရနိုင်တာကို မမျှော်လင့်တော့ပါဘူး

Welcome said...

အစ်မ
ချစ်တာလည်းသံယောဇဉ်၊ မုန်းတာလည်း သံယောဇဉ်မို့ အချစ်ဆိုတာ ရယူခြင်းမဟုတ်ပါဘူး၊ ပေးဆပ်ခြင်းလို့ နားလည် ပါတယ်။ အချစ်ဟာ ရစ်ပတ်နှောင်ဖွဲ့ စေတတ်သလို၊ အထီးကျန် ခံစား လွမ်းဆွတ် စေတတ်ပါသေးတယ်။ အချစ်ဟာ အရာရာတိုင်းကိုလည်း လှပအောင် ဖန်ဆင်းပေးနိုင်သလို၊ အရာရာတိုင်းကိုလည်း အရုပ်ဆိုးအကျည်းတန် စေပါတယ်။ အချစ်ကို ဒီလိုမျိုးတွေ ဖွဲ့ဆိုကြပေမယ့် တစ်ကယ်တော့ အချစ်ဆိုတာ ခွင့်လွှတ်ထိုက်တဲ့ ရူးသွပ်ခြင်း တစ်မျိုးပဲ ဆိုတာ ပြောပြချင်ပါတယ်။
(သိလွန်းလို့မဟုတ်ပါဘူး၊ ပွားတာပါ)
လေးစားလျက်
Http://winzaw-mdy.blogspot.com

Post a Comment