ချစ်ခြင်းရဲ့ အခြားတစ်ဖက်မှာ အမုန်းဆိုတာများ ရှိနေရင် သိပ်ကောင်းမှာပဲနော် ..... မုန်းတတ်ချင်လိုက်တာ... ဖြစ်နိုင်ရင် ကမ္ဘာမြေတဆုံး ထွက်ပြေးသွားလိုက်ချင်တယ်....။ ချစ်တတ်အောင် ချစ်သူက သင်ပေးတာလား ... မုန်းတတ်အောင်လည်း သင်ပေးနိုင်ပါ့မလား .....။
ဖြစ်လေရာ ဘ၀အဆက်ဆက် မချစ်တတ် မမုန်းတတ်တဲ့ သူပဲ ဖြစ်ချင်တော့တယ်...။
Look back to memory lane
-
ဟိုးအရင်နှစ်တွေက Memory အဟောင်းတွေ ပြန်ကြည့်မိရင် စိတ်က ရုတ်တရက် နူးညံ့
ကြည်လင်သွားသလိုပဲ... ချက်ချင်းကို စာအသစ်တွေ ရေးဖွဲ့ချင်စိတ်လည်း
ဖြစ်လာမိတယ်။ ဒါမယ့်...
5 weeks ago
3 Comments:
အချစ်ရှိရင် အမုန်းဆိုတာလဲ ရှိရမှာပေါ့ဗျ
မမုန်းတတ်ဘူးဆိုတာ မဟုတ်ပါဘူး
မမုန်းရက်တာ နေမှာပါ
အဆင်ပြေပါစေဗျာ.။
ခင်မင်လျက်.
အစ်မ
အချစ်ဆိုတာ မခိုင်မြဲပါဘူး
ကိုယ့်အကြိုက်နဲ့ မကိုက်ညီရင်
သူ့အကြိုက်ကို မလိုက်လျောနိုင်ရင်
သူ့သဘော သူဆောင်ပြီး
ပျက်သွားတတ်တာမျိုးပါ...
စိတ်ပျက်အားငယ်တာတွေကို အမြန်ဆုံး ကျော်လွှား နိုင်ပါစေလို့ ဆုမွန်ချွေပေးပါတယ်။
လေးစားလျက်
http://winzaw-mdy.blogspot.com
ကိုဝင်းဇော်
ကိုယ့်အကြိုက်နဲ့ မကိုက်ညီရင် .... လိုက်ညှိမယ်....
အကြိုက်ကို လိုက်လျောနိုင်အောင် ကြိုးစားမယ်....
သူ့သဘော သူဆောင်ပြီး ပျက်သွားမယ့်အခြေနေမျိုး မဖြစ်အောင် ထိန်းသိမ်းမယ်...
စိတ်ပျက်အားငယ်တာတွေကို အမြန်ဆုံး ကျော်လွှား နိုင်စေဖို့ကတော့ ..... တစ်စုံတစ်ရာ လိုအပ်နေပါသေးတယ် ...။
Post a Comment