တစ်ချိန်က နှစ်သက်စွာနဲ့ အလွတ်ကျက်မှတ်ခဲ့တဲ့ ကဗျာလေး ..... ခုချိန်မှာ ထပ်တူမျှစွာ ခံစားနေရတဲ့ အတွက်ရယ်ကြောင့် ... ချစ်ရသူ သိကြားစေဖို့ ဒီဘလော့လေးမှတဆင့် " တိတ်တခိုး " လေးနဲ့ ညွှန်းဖွဲ့လိုက်ပါရဲ့ .....။
မူပိုင် ကဗျာရှင် ဖြစ်သူ မောင်စိန်ဝင်း(ပုတီးကုန်း) က ကောင်ကလေး တစ်ယောက်ဘက်ကနေပြီး ခံစားရေးဖွဲ့ထားပေမင့် ..... ကဗျာ့ အနေနဲ့ မိန်းမသား ဖြစ်တာကြောင့် " ခင် " ဆိုတဲ့ စကားလုံးလေး နေရာမှာ " သခင် " လို့ ပြင်ဆင်ရေးသား၍ ချစ်ရသူအား သိကြားစေ သက်သေညွှန်း လိုက်ပါတယ် .....။
ပန်းပွင့်တယ်ဆိုတာက
သဘာဝပါသခင်။
အလှကြည့်ခံချင်လို့
ပန်ဆင်ပါစေ ရည်စူးပြီး
ဖူးပွင့်မဆင်....။
သခင်ကြိုက်ယင် အညှာကိုချိုးပြီး
သခင်မြတ်နိုးတော့ ပန်ချင်ပန်ပေါ့
မပန်ချင် သခင်မကြိုက်တော့လဲ
ပစ်လိုက်ပေါ့....နော်....သခင်
ဆင်ချင်မှ ဆင်ပါတော့။
သခင်ရယ်....
မဆင်လို့ပဲ ပစ်ပစ်
မမြင်လို့ပဲ ဖြစ်ဖြစ်ပေါ့
သစ်ရွက်ကြို သစ်ရွက်ကြားက
သခင်သွားယင် ရနံ့ပေး
သခင်မွှေးယင် ပျော်ရွှင်လို့
သခင်မမြင် သခင်မကြည့်ပေမယ့်
သခင်သိယင် ကျေနပ်ပါရဲ့
ရွက်ချပ်စို ကြိုအကြားမှာပဲ
ပွင့်သွားတာပေါ့။ ။
Look back to memory lane
-
ဟိုးအရင်နှစ်တွေက Memory အဟောင်းတွေ ပြန်ကြည့်မိရင် စိတ်က ရုတ်တရက် နူးညံ့
ကြည်လင်သွားသလိုပဲ... ချက်ချင်းကို စာအသစ်တွေ ရေးဖွဲ့ချင်စိတ်လည်း
ဖြစ်လာမိတယ်။ ဒါမယ့်...
5 weeks ago
3 Comments:
တိတ်တခိုးလေးလာဖတ်သွားတယ်အမ။ ခံစားချက်လေးတွေနဲ့တိုင်ဆိုင်တော့လည်း ရေးဖွဲ့ထားတာလေးတွေကောင်းတယ်အမ။
မင်းတို့ကိုမချစ်ချင်လည်းနေပါ
ုငါ့ရင်ထဲမှာတော့
မင်းကို တိတ်တခိုးလေးပဲ
ချစ်နေမှာပါ။
ဘာရယ်မဟုတ်ဘူးအမ
ရေးလိုက်တာနော် အဆင်ပြေပျော်ရွှင်ပါစေအမရေ။
ကဗျာလေးကကောင်းတယ်
ခင်မောင်တိုး သီချင်းတစ်ပုဒ်ရဲ့စာသားနဲ့လည်း ဆင်တူတယ်နော်
---
အင်း ပန်းတိုင်းကို မြတ်နိုးပေမယ့်
ကိုယ်မြတ်နိုးတဲ့ပန်းက
သိပ်မြင့်လွန်းတဲ့ပန်းဆိုရင်လည်း မချူရက်ပါဘူး
ကိုယ့်ကြောင့် သူ့အလှ မှေးမှိန်သွားမှာစိုးလို့ပါ။
သိပ်မွေးလွန်းတဲ့ ပန်းဆိုရင်လည်း မခူးရက်ပါဘူး
ကိုယ့်ကြောင့် သူ့ရနံ့လေး ပြယ်သွားမှာစိုးလို့ပါ။
သိပ်လှလွန်းတဲ့ ပန်းဆိုရင်လည်း မလိုချင်ပြန်ဘူး
သူ့ဘေးမှာ ဆူးတွေနဲ့ ပြည့်နှက်နေလို့ပါ။
--
အမှားပါရင်ခွင့်လွှတ်စေချင်ပါတယ်.
http://winzaw-mdy.blogspot.com
သူမခူးတော့ အပင်ပေါ်တောင် နေရသေးတယ်.။ သခင်က ဘယ်လိုလို့ ပန်မှာလဲ အလှထိုးတယ် ဆိုရင် တော်သေး.။ တကယ်လို့ မြင်စေ ချင်ရင် အရွက်တွေ ညှပ်ပစ်လိုက်ပေါ့. ဘာခက်တာမှတ်လို့.။
အစ်မကြီး မို့လို့ စတာနော် စိတ်ဆိုးရဘူး.။ ဆိုးလဲ ဆိုးပေါ့.။ ဘာ အရေးစိုက်ရ မှာလဲ.။ ဟွန်း... :P
Post a Comment