Friday, November 7, 2008

သူ့ အတွေးက ဒီလို

ကိုခေတ်နေမင်း လို့ အမည်ရတဲ့ ကိုကြယ်စင်မင်း က ကဗျာ့ ဆီကို ပို့ပေးထားတဲ့ သူ့ရဲ့ အတွေးလေးပါ...။ ကိုခေတ်နေမင်းရဲ့ ခွင့်ပြုချက်နဲ့ ပြင်ဆင်ခြင်းမရှိ မျှဝေပါတယ်.....။

မြို့ပြရေ..
ဘ၀မှာ အမှားတစ်ခုကို ကျုးလွန်သူလို့
စွပ်စွဲပြီး ......
ငါ့ကို အမှန်တရားနဲ့ ကြက်ခြေခတ်ပါ.၊
လထွက်ချိန်ကို ပျင်းရိစွာ ထိုင်စောင့်ရင်းနဲ့
မိုးစင်စင်လင်းတဲ့အထိ
ကောင်းကင်နဲ့ မျက်နှာချင်းဆိုင်မိတဲ့အခါ..
ကြယ်ကလေးတွေရဲ့လှောင်ပြောင်ခြင်းခံရတဲ့နောက်..
ငါ .....
ညရောက်မှာကို ကြောက်မိတယ်..။
================================================================================၊။
ချစ်နှင်းဇော်....
ဒီညကောင်းကင်မှာ လနည်းနည်းသာနေတယ်.. သီတင်းကျွတ်ပြီဆိုတော့.. ကြယ်တွေကို ခပ်များများမြင်ရတယ်..သိလား.. တိမ်သားတွေမရှိတဲ့ ကောင်းကင်ကို ကြည့်မိတော့..မင်းကို ကိုယ်အရမ်းသတိရသွားတယ်.. ကိုယ်ပြောချင်တာလေးတွေရှိတယ်လေ.. မင်းနဲ့ စကားမပြောရတာလည်း ကြာပြိ.. ငါ မင်းကို ပြောပြတဲ့ တစ်ချို့တွေက ငါ စိတ်ကူးတွေထဲက အကြောင်းအရာလေးတွေပါ.. ပုံပြင်တွေ မဟုတ်ဘူး.. တစ်ခါတစ်လေ .. မင်းကို မမြင်ရပေမဲ့.. ငါ့အတွေးလေးတွေကို မင်းဖတ်ပြီး မင်းရယ်နေမလားလို့ တွေးပြီး ပျော်မိတယ်.. ကိုယ်ဟာ အဲဒီလိုပဲ.. အလိုက်ကန်းဆိုးမသိတဲ့လူပါ.. ဘာပဲ ဖြစ်ဖြစ် တစ်နေမှာ မင်းက ငါ့ကို ထားသွားရစ်မယ်ဆိုတာ သိပါတယ်.. ဒါပေမဲ့ မင်းနဲ့ စကားတွေ ပြောနေရရင် ငါ ပျော်ပါတယ် မြို့ပြရယ်.. ၊
1844 ခုနှစ်တုန်းကဖြစ်သွားတဲ့ အဖြစ်ပျက်လေးတစ်ခုကို ပြောပြမယ်နော်.. နည်းနည်းလေ စိတ်ရှည်ပြီး ဖတ် .. ၊ဒီနိုင်ငံမှာတော့ မဟုတ်ဘူး... (Mary celeste) မေရီစဲလက်စတီ ဆိုတဲ့ သင်္ဘောတစ်စင်းဟာ ခရီးသည်တွေ အများကြီးနဲ့ ပင်လယ်ပြင်မှာ မထင်မှတ်ပဲ.. ပျောက်သွားတယ်... အကြာကြီးပေါ့.. နောက်တော့ သူပြန်ရောက်လာတယ်.. ခရီးသည်တွေနဲ့ သင်္ဘောသားတွေတော့ ပြန်ပါမလာတော့ဘူး... ဒါပေမဲ့ ထူးဆန်းတာက သဘောင်္ာပေါ်မှာ ခြေရာ လက်ရာ မပျက်ဘူး.. သင်္ဘောကလည်း အကောင်းပကတိအတိုင်းပဲ ရှိတယ်.. အသက်ကယ်ကွင်းတွေ အသက်ကယ်လှေတွေကအစ ဒီအတိုင်းပဲ.. သင်္ဘောပေါ်က လူတွေ ဘယ်ရောက်ကုန်လဲဆိုတာကို ဒီကနေ့အထိ ဘယ်သူမှ စဉ်းစားလို့ မရကြဘူး..၊၊၊၊၊၊၊၊၊၊၊၊၊၊ .................တဲ့၊
ဘာရယ်မဟုတ်ပါဘူး.. ကိုယ်စဉ်းစားမိတာလေးရှိတယ်. ..
ကိုယ့်ရင်ထဲမှာလည်း ကောင်မလေးတစ်ယောက်ပျောက်သွားတာ .. အခုဆို နှစ်နှစ်တောင် ကြာပြီ၊ အခုပြန်ပေါ်လာတယ်.. .. ဒါပေမဲ့ ပင်လယ်ပြင်မှာတော့ ဘယ်ဟုတ်မလဲ.. Online ပေါ်မှာ၊..သူနာမည်က...............................(.............) တဲ့၊
..............................................၊
မင်းအကြောင်းနဲ့ ရောတဲ့ ဒီည ကောင်းကင်မှာ လက မှိုင်းပြပြနဲ့ပေါ့၊

မြို့ပြရေ..
ဘ၀မှာ အမှားတစ်ခုကို ကျုးလွန်သူလို့
စွပ်စွဲပြီး ......
ငါ့ကို အမှန်တရားနဲ့ ကြက်ခြေခတ်ပါ.၊...................................၊
..........................................................................၊
..........................................................................
ကြယ်စင်မင်း။

0 Comments:

Post a Comment