Friday, November 7, 2008

လရောင်ဆာတဲ့ မြစ်

ကိုယ်က ဒီကဗျာခေါင်းစဉ်လေးကို လရောင်ဆာတဲ့ မြစ် .. လို့ နာမည်ပေးထားတယ်.. ဘာရယ်မဟုတ်ပါ့ဘူး .. မင်းကို သတိတရဖြစ်မိတာနဲ့ ငါ အိမ်ရေးအပျက်ခံထားတာလေးပါ.. မင်း တန်ဖိုးထားချင်မှလည်းထားပါ.. ငါကတော့ ဘာမှ မျှော်လင့်မထားပါဘူး......၊ မမျှော်လင့်ပဲ ရတာ ပို့ကောင်းတယ်.မို့လား.. ၊
===============================
လရောင်ဆာတဲ့ မြစ်

မနိုင်ဝန်အလွမ်းတွေနဲ့ ငါကို ချန်ထားခဲ့ပြီး
ရှင်သန်ခြင်းတလူလူနဲ့ မင်းထွက်သွားခဲ့တယ်..၊
ငါ့ရဲ့ မျှော်လင့်ခြင်း လမ်းတစ်ဆုံးမှာ
မင်းရဲ့ ဥသြသံရှည်မျောမျောက
အိမ်မက်ခေါင်းစဉ်တွေကို ရိုက်ခွဲသွားတယ်... ကောင်မလေးရယ်.
တစ်ချိန်ချိန်မှာ မင်းပြန်လာနိုင်မှာလား
ယိုင်နဲ့နဲ့ ငါ့နှစ်လုံးသား တဲအိုလေးမှာ
ဒုတိယ ဥသြသံကို
အခု ဘာသာပြန်မိနေတယ်..
ထမင်းမေ့ ဟင်းမေ့ မေ့နေသလို တစ်လျှောက်လုံး.
သူ့ဆီမှာရောက်နေတဲ့ ငါ့အတွေးတွေ
တစ်ခေါက်မှ ပြန်မလာဘူး..
ခရမ်းရေ...
အဲဒီလို စိုးရိမ်စိတ်တွေနဲ့ပဲ..
သူ့ရထားစဉ် သွားရာနောက်ကို
ငါ့အလွမ်းတွေ တစ်ကောက်ကောက်လိုက်သွားတယ်...၊၊
ခေတ်နေမင်း

0 Comments:

Post a Comment