သြော်.... သူများတွေမှဖြင့်
ချစ်လို့ဖြစ်သွား
ချစ်ရည်းစားနဲ့
မောင်ကတစ်မျိုး
မေကတသွယ်
ချစ်ခင်ယုယ
ကြင်နာကြနဲ့
တူရည်မျှော်မှန်း
ဘ၀လမ်းကို
ကြည်နူးပုံရိပ်
မျှော်တစိတ်ဖြင့်
ပျော်နေလိုက်ကြ.....
သြော်..... ငါ့မှာတော့ဖြင့်
ရင်မှာပွင့်ဖူး
အချစ်ဦးနှင့်
ရည်ရွယ်မျှော်မှန်း
ဘ၀လမ်းကို
တွဲလက်မခွာ
ချစ်လျက်သာဟု
ယူမှတ်ထားလည်း
ချစ်သူ့မျက်ဝယ်
ချစ်ရိပ်မနွယ်
ချစ်စိတ်မလွယ်ဘဲ
သူရွေးယူရာ
သည်ခေါင်းစဉ်မှာ
ဝန်တာအတွက်
နေနေလျက်ပေါ့.....။
သြော်....... ချစ်ပန်းတစ်ပွင့်ကို
ချစ်သူထံပါး
ရရှိထားလည်း
ထိုပန်းကိုကြည့်
နမ်းရှိုက်မိမှ
ရနံ့မပါ
သာယာမှုကင်း
ကြင်နာမှုရှင်းတဲ့
စက်ရုံကထုတ်
လူကလုပ်တဲ့
ပန်းဖြစ်နေလျော့လား.....။
Monday, June 1, 2009
ခေါင်းစဉ်အောက်ကလူ
Posted by ကဗျာမ လေး at 12:45 PM 4 comments
Labels: မျှဝေခြင်း ကဏ္ဍ, နှစ်သက်မိသော ကဗျာလေးများ
Wednesday, March 4, 2009
" အတ္တ "
ငါ သာလျှင်
မင်းရဲ့ အကြည့်
မင်း အပြုံးတို့ရဲ့ စေစားရာ
ငါ သာလျှင်
မင်းရဲ့ အသံ
မင်း ဟန်တို့ရဲ့ ရည်မှန်းရာ
ငါ သာလျှင်
မင်း နှလုံးသား
မင်း အတွေးတို့ရဲ့ ပိုင်စိုးရာ
အမြဲ ဖြစ်ချင်နေခဲ့
မင်းနှင့် ပတ်သက်သမျှ
အရာ အားလုံး
လိုချင် တပ်မက်
တောင့်တရင်းနှင့်
ချစ်သူ
ငါ့ အနားမှာ မင်း မရှိခဲ့ရင်တောင်
မင်း အနားမှာ ငါမှတစ်ပါး
အခြား ဘယ်သူ့ကိုမှ
မရှိစေချင်ပါ။
Posted by ကဗျာမ လေး at 10:02 AM 0 comments
Labels: ခံစားချက်လေးများ, နှစ်သက်မိသော ကဗျာလေးများ
Friday, December 12, 2008
ရင်ကွဲနာ အရှုံး
ချစ်သူ...
ဒဏ်ရာတွေ အလျှိုလျှိုနဲ့
ငါ့အတွေးတွေကို
လိုအပ်ရင် ဆေးစစ်ကြည့်ရမယ်
သတိရခြင်းဆိုတဲ့ပိုး
မျိုးတုံးသွားအောင်
ဘယ်သူစွမ်းဆောင်နိုင်မှာလဲ
ဖြစ်နိုင်မယ်ဆိုရင်
ငါ မငိုချင်ပါဘူးမောင်။
ငါ့အသက် ငါ့ခန္ဒာ
ငါ့ကဗျာ ငါ့အလွမ်း
ခြောက်ခမ်းရင့်ရော်သွားဖို့
နာကြည်းခြင်းကို
မမွေးစားချင်ဘူး။
နှလုံးသားမိတ္တူတစ်စုံနဲ့
ရင်ခုန်သံကို အကျဉ်းချ
ငါ့ ဘ၀ကိုလဲကျစေသည့်တိုင်
အနိုင်မခံ အရှုံးမပေး
ဝဋ်ကြွေးတုံ့တင်မထားလို
ဆိုသောသစ္စာ တည်ပါတယ်။
အဆုံးစွန်ထိ
အလွန်အမင်း ပုံအပ်လို့
ငါမြတ်နိုးတတ်ပါရစေ
တစ်ချက်ပဲ ငဲ့ကြည့်ပါမောင်
မျှော်လင့်ခြင်း
ကောင်းကင်အောက်
ငါ ဒူးထောက်နေတာကို...။
မှတ်ချက်။ ။ မည်သူ့ကိုမှ မရည်ရွယ်ပါ .... တိုက်ဆိုင်မှုရှိလျှင် မေ့လိုက်ပါ ...။
Posted by ကဗျာမ လေး at 3:03 PM 2 comments
Labels: နှစ်သက်မိသော ကဗျာလေးများ
Wednesday, December 10, 2008
သို့/ (---)
သံယောဇဉ် အမျှင်တန်းကို
ရှင်ခန်းဘယ်သူဖြတ်နိုင်ပါ့
ပူတတ်သူတစ်သက်လွမ်းရော့လို့
လက်ကမ်းကာဝေဒနာမမျှချင်လည်း
ဘ၀နွေအနုသယတောမှာ
သမုဒယအမော
တစ်ဇာတ်သိမ်းအောင်
သြော်...အခုတော့
ခပ်စိမ်းစိမ်းပဲနေပါ့မယ် ....
Posted by ကဗျာမ လေး at 3:08 PM 3 comments
Labels: နှစ်သက်မိသော ကဗျာလေးများ
နှစ်သက်မိသော ကဗျာလေး
တစ်ရံခါဆီ
ဒဏ္ဍာရီဟု သည်တစ်ခုကို
သမုဒယဖွဲ့မပူ
သူ့ဘ၀နဲ့သူပျော်ပါစေ
Posted by ကဗျာမ လေး at 2:56 PM 0 comments
Labels: နှစ်သက်မိသော ကဗျာလေးများ
Tuesday, November 25, 2008
" မောင် " သိစေချင်
ချစ်သူရယ်...ပြည့်စုံ မှု
လိုအပ် မှု ဆိုတာ
ချစ်သူနဲ. အတူ
ရှိနေရခြင်း နဲ.သာ
တိုက်ရိုက် အချိုးကျတာမို. .........။
မောင့် ရင်ထဲက
ကျွန်မ ကို
ထာဝရ
လက်တွဲ ထားပါလားရှင် ...........။ ။
Posted by ကဗျာမ လေး at 2:23 PM 5 comments
Labels: နှစ်သက်မိသော ကဗျာလေးများ
Friday, November 21, 2008
" တိတ်တခိုး "
တစ်ချိန်က နှစ်သက်စွာနဲ့ အလွတ်ကျက်မှတ်ခဲ့တဲ့ ကဗျာလေး ..... ခုချိန်မှာ ထပ်တူမျှစွာ ခံစားနေရတဲ့ အတွက်ရယ်ကြောင့် ... ချစ်ရသူ သိကြားစေဖို့ ဒီဘလော့လေးမှတဆင့် " တိတ်တခိုး " လေးနဲ့ ညွှန်းဖွဲ့လိုက်ပါရဲ့ .....။
မူပိုင် ကဗျာရှင် ဖြစ်သူ မောင်စိန်ဝင်း(ပုတီးကုန်း) က ကောင်ကလေး တစ်ယောက်ဘက်ကနေပြီး ခံစားရေးဖွဲ့ထားပေမင့် ..... ကဗျာ့ အနေနဲ့ မိန်းမသား ဖြစ်တာကြောင့် " ခင် " ဆိုတဲ့ စကားလုံးလေး နေရာမှာ " သခင် " လို့ ပြင်ဆင်ရေးသား၍ ချစ်ရသူအား သိကြားစေ သက်သေညွှန်း လိုက်ပါတယ် .....။
ပန်းပွင့်တယ်ဆိုတာက
သဘာဝပါသခင်။
အလှကြည့်ခံချင်လို့
ပန်ဆင်ပါစေ ရည်စူးပြီး
ဖူးပွင့်မဆင်....။
သခင်ကြိုက်ယင် အညှာကိုချိုးပြီး
သခင်မြတ်နိုးတော့ ပန်ချင်ပန်ပေါ့
မပန်ချင် သခင်မကြိုက်တော့လဲ
ပစ်လိုက်ပေါ့....နော်....သခင်
ဆင်ချင်မှ ဆင်ပါတော့။
သခင်ရယ်....
မဆင်လို့ပဲ ပစ်ပစ်
မမြင်လို့ပဲ ဖြစ်ဖြစ်ပေါ့
သစ်ရွက်ကြို သစ်ရွက်ကြားက
သခင်သွားယင် ရနံ့ပေး
သခင်မွှေးယင် ပျော်ရွှင်လို့
သခင်မမြင် သခင်မကြည့်ပေမယ့်
သခင်သိယင် ကျေနပ်ပါရဲ့
ရွက်ချပ်စို ကြိုအကြားမှာပဲ
ပွင့်သွားတာပေါ့။ ။
Posted by ကဗျာမ လေး at 8:42 AM 3 comments
Labels: နှစ်သက်မိသော ကဗျာလေးများ
Tuesday, November 18, 2008
လွမ်းတတ်သူပါ .......
' လွမ်းတယ် ' ဆိုတဲ့
စာလုံးလေးနှစ်လုံး
ရေးရတာလဲ လွယ်သလို ပြောရတာလဲ လွယ်ပါတယ်.....။
ဒါပေမယ့်
ခံစားကြည့်မယ်ဆိုရင်တော့ ရင်ဘတ်တစ်ခုလုံး
ပြောင်းဆန်နေအောင် မွှေနောက်ပစ်တတ်တာပဲ
သတိယတယ်ဆိုတိုင်း မင်းကိုလွမ်းတဲ့စိတ်တွေ
ဖြေဖျောက်နိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ.....။
ဒါပေမယ့်
လွမ်းတတ်သူရဲ့ ရင်ထဲမှာတော့
သတိယတယ်ဆိုတာနဲ့ လွမ်းတဲ့စိတ်ကို
ဖြေဖျောက်နိုင်မယ် မထင်မိဘူးကွယ်.....။
တခြားသူတော့မသိဘူး ကိုယ့်အတွက်တော့
မင်းမျက်နှာကိုမြင်မှပဲ မင်းကိုလွမ်းတဲ့စိတ်ကို
ဖြေဖျောက်နိုင်မယ် ထင်မိပါရဲ့.......။ ။
Posted by ကဗျာမ လေး at 8:54 AM 7 comments
Labels: နှစ်သက်မိသော ကဗျာလေးများ
Thursday, November 6, 2008
Tuesday, November 4, 2008
" ကျေးဇူးပဲ ဝေဒနာ "
ပြိုင်ပွဲလို့ မသတ်မှတ်ခဲ့ပေမဲ့
အရှုံးတွေ အပ်ကြောင်း ထပ်လာတဲ့အခါ
နှုတ်ခမ်းတွေတောင် မပြုံးတတ်တော့သလိုပဲ။
ခဏတာ ရည်စူးခြင်း မဟုတ်ခဲ့ပေမဲ့
ပျက်ပြယ်မှုတွေပဲ စားသုံးနေရတဲ့ အခါ
ယုံကြည်ချက်တွေဟာ အေးစက်သွားသလိုပဲ။
နှလုံးသားက အတေး အမှတ် မထားတတ်ပေမဲ့
တစ်ဖက်သတ် ပေးဆပ်ရဖန် များလာတဲ့အခါ
မျက်ရည်မြစ်ဟာလည်း ခန်းသွားသလိုပဲ။
ဒါပေမဲ့ လေ
အဲဒီ ဝေဒနာတွေကြောင့်ပဲ
မုသား မှန်သမျှ မယုံစားတတ်ခဲ့တာ
ဒဏ်ရာ မှန်သမျှ ကဗျာတွေနဲ့ ကုစားတတ်ခဲ့တာပါ။
Posted by ကဗျာမ လေး at 2:52 PM 2 comments
Labels: နှစ်သက်မိသော ကဗျာလေးများ
သတိယတယ်
သတိယစိတ်တွေဟာ
ဘာနဲ့ချော့သိပ်သိပ်
မရခဲ့ဘူး.....။
မင်းကိုသတိယတိုင်းသာ
ပိုက်ဆံစုမယ်ဆို
ခုချိန်ငါဟာ.....
ဘီလျံနာသူဌေးကြီး
တစ်ဦးဖြစ်နေလောက်ပြီ.....။
Posted by ကဗျာမ လေး at 10:24 AM 2 comments
Labels: နှစ်သက်မိသော ကဗျာလေးများ
Saturday, November 1, 2008
အချိန်
ပြန်လာပါလို့ပြောခွင့်မရှိပေမယ့်
ပြန်လာစေချင်ခဲ့မိတာပါ
လာမှာမဟုတ်မှန်းသိလျက်နဲ့
မျှော်လင့်နေမိခဲ့တာပါ
အချိန်တန်ရင်တော့
မင်းပြန်လာမှာပါလေ
ဒါပေမယ့်လည်း.....
အဲဒီအချိန်မတိုင်ခင်
မင်းကိုတွေ့ချင်နေမိတာ
အပြစ်တစ်ခုလို့ဆိုချင်လည်းဆို
ကံဆိုတာကြီးကိုဖန်တီးလို့သာ
ရမယ်ဆိုရင်
မင်းပြန်လာမယ့်အချိန်ကို
အမြန်ဆုံးရောက်ချင်နေမိတာ
ကိုယ်မှားလား
ချစ်သူ.....
Posted by ကဗျာမ လေး at 3:05 PM 3 comments
Labels: နှစ်သက်မိသော ကဗျာလေးများ
Monday, October 27, 2008
သက်ဆိုင်သူသို့
အဝေးက ချစ်ခြင်း
အပြစ်ကင်း၍
" ဆုံနိုင်ခွင့် " ဆိုတာ မလိုပါ။
Posted by ကဗျာမ လေး at 3:13 PM 0 comments
Labels: နှစ်သက်မိသော ကဗျာလေးများ
Tuesday, October 21, 2008
" တိုးတိုးခိုဝင် "
မချစ်မိအောင် မြိုသိပ်
သံယောဇဉ်စိတ်နဲ့ တွယ်ငင်
ရင်ခွင်ကို တံတိုင်းကာရင်း
လိုင်းတားလို့ ကာဆီးခဲ့ပေမယ့်
သံသရာ တစ်ခုခုက ရေစက်
ကံကြမ္မာ တစ်ခုခုရဲ့ ၀ဋ်ကြွေးလို
တားဆီးလျက် ကျိုးပေါက်
ငါ့ ရင်ခွင် ညှိုးခြောက်ခြောက်ထဲ
နင် တိုးရောက်နေဆဲပါ.............။
Posted by ကဗျာမ လေး at 10:14 AM 0 comments
Labels: နှစ်သက်မိသော ကဗျာလေးများ