သံယောဇဉ် အမျှင်တန်းကို
ရှင်ခန်းဘယ်သူဖြတ်နိုင်ပါ့
ပူတတ်သူတစ်သက်လွမ်းရော့လို့
လက်ကမ်းကာဝေဒနာမမျှချင်လည်း
ဘ၀နွေအနုသယတောမှာ
သမုဒယအမော
တစ်ဇာတ်သိမ်းအောင်
သြော်...အခုတော့
ခပ်စိမ်းစိမ်းပဲနေပါ့မယ် ....
Wednesday, December 10, 2008
သို့/ (---)
Posted by ကဗျာမ လေး at 3:08 PM
Labels: နှစ်သက်မိသော ကဗျာလေးများ
Subscribe to:
Post Comments (Atom)

3 Comments:
ခပ်စိမ်းစိမ်းပဲနေတာ ကောင်းပါတယ်
ကဗျာရေ-
ကောင်ကင်းကအကျယ်ကြီးပါ
သာယာတဲ့ရှုခင်းလေးတွေနဲ့အတူ ပန်းတွေပွင့်နေကြတာရှိပါတယ်-
လေပြေလေညှင်းလေးတွေကလည်း အေးမြခြင်းတွေသယ်ဆောင်သွားနေကြတယ်-
လှပတဲ့တောင်ပံတစ်စုံရှိတဲ့ လိပ်ပြာလေး ကောင်းကင်းအကျယ်ကြီးထဲလွတ်လပ်စွာပျံသန်းပါ၊
သာယာတဲ့ရှုခင်းလေးထဲကပန်းပွင့်တွေနဲ့အတူ လိုက်ဖက်သွားပျံသန်းပါ၊
အေးမြတဲ့လေပြေလေညှင်းနဲ့အတူ စိတ်ရှိတိုင်းစီးမျှောပျံသန်းလိုက်ပါစမ်းပါတော့လား ။
တမ်းတနေဦးမဲ့ မလိုက်ဖက်တဲ့ တယုတယတွေ ခါချလိုက်စမ်းပါတော့။
ခင်မင်စွာဖြင့်
အစ်ကိုကြီး။
အစ်မ
နိမ့်မြင့်မညီတဲ့ လှိုင်းနှစ်ခုမစုံခင် မုန်တိုင်းလေး ပျက်ပြယ် သွားတာမို့ ဖြေသိမ့်စရာလို့ပဲ မှတ်ယူစေချင်ပါတယ်။
ထာဝရလေးစားလျက်နဲ့
http://winzaw-mdy.blogspot.com
Post a Comment