ပြန်လာပါလို့ပြောခွင့်မရှိပေမယ့်
ပြန်လာစေချင်ခဲ့မိတာပါ
လာမှာမဟုတ်မှန်းသိလျက်နဲ့
မျှော်လင့်နေမိခဲ့တာပါ
အချိန်တန်ရင်တော့
မင်းပြန်လာမှာပါလေ
ဒါပေမယ့်လည်း.....
အဲဒီအချိန်မတိုင်ခင်
မင်းကိုတွေ့ချင်နေမိတာ
အပြစ်တစ်ခုလို့ဆိုချင်လည်းဆို
ကံဆိုတာကြီးကိုဖန်တီးလို့သာ
ရမယ်ဆိုရင်
မင်းပြန်လာမယ့်အချိန်ကို
အမြန်ဆုံးရောက်ချင်နေမိတာ
ကိုယ်မှားလား
ချစ်သူ.....
Saturday, November 1, 2008
အချိန်
Posted by ကဗျာမ လေး at 3:05 PM
Labels: နှစ်သက်မိသော ကဗျာလေးများ
Subscribe to:
Post Comments (Atom)

3 Comments:
အစ်မခင်ဗျား
[[အမြန်ဆုံးရောက်နေမိတယ်
ကိုယ်မှာလား
ချစ်သူ]]
ဆိုတာထက်
အမြန်ဆုံးရောက်နေမိတယ်
ကြိုမှာလား
ချစ်သူ
--
ဖြစ်မလားတော့မသိဘူးနော်၊ ဆရာလုပ်တာ မဟုတ်ပါဘူး။ ထောက်နေလို့လေ..
အချိန်တန်ရင်တော့ ချစ်သူလေး ပြန်လာမှာပါဗျာ။ စောင့်နေပါဗျာ............ ကဗျာလေးက ခံစားလို့ကောင်းတယ်ဗျာ ဆက်ရေးပါဗျာ အားပေးနေပါတယ်ဗျာ။
ကိုစိုင်းနောင့်ရေ မှားတယ်...
အမှန်က . . .
“အမြန်ဆုံးရောက်ချင်နေမိတာ
ကိုယ့်အမှားလားချစ်သူ....”
ဟဲဟဲ.. အစ်မ အစားဖြေပေးလိုက်တာ...
xxxxxx
အစ်မ ကဗျာလေးက ကောင်းတယ်.. ခံစားချက် အပြည့် နဲ့ရေးထာတာထင်တယ်... အစ်မ မျှော်လင့်တဲ့အတိုင်း အမြန်ဆုံး ရောက်လာပါစေဗျာ...
Post a Comment