အခန်းအတွင်း ရွေ့လျားပန်ကာ ဖွင့်ပေးခြင်းဖြင့် ကလေးငယ်များ ရုတ်တရက်သေဆုံးမှုမှ လျော့ကျစေနိုင်.......
အခန်းအတွင်း ပန်ကာကို လိုအပ်သော နှုန်းဖြင့်ဖွင့်ပြီး ကလေးငယ်များအား အိပ်စေပါက ရုတ်တရက်သေဆုံးမှုမှ လျော့ကျစေနိုင်ပါသည်။
ရွေ့လျားပန်ကာကို သတ်မှတ်နှုန်းဖြင့် ချိန်ညှိကာ ဖွင့်ပေးထားခြင်းသည် အခန်းအတွင်းရှိ လေများကို သန့်ရှင်းမှုဖြစ်စေပြီး လေ၀င်လေထွက် ကောင်းမွန်စေကာ အခန်းအပူချိန်ကိုလည်း ထိန်းညှိပေးနိုင်သည့်အတွက် ရောဂါဝေဒနာတစ်ခုခု ခံစားနေရသော ကလေးငယ်များ ရုတ်တရက်သေဆုံးခြင်းမဖြစ်နိုင်ကြောင်း သုတေသနပညာရှင်များက ပြောကြားထားပါသည်။
ထို့အတူ ပုံမှန်ကျန်းမာရေးကောင်းမွန်သော ကလေးငယ်များအနေဖြင့်လည်း အခန်းအပူချိန်မြင့်တက်မှုနှင့် ပတ်ဝန်းကျင်၌ လိုအပ်သောအောက်ဆီဂျင် အပြည့်အ၀ မရရှိမှုတို့ကြောင့် ကလေးများ ရုတ်တရက်သေဆုံးမှုတို့ ဖြစ်ပွားနိုင်ရာ အခန်းအတွင်း လေ၀င်လေထွက်ကောင်းအောင် ပြုလုပ်ထားသင့်ပါသည်။
အသက်ငါးနှစ်အောက်ကလေးငယ် ၅၀၀ကို သုတေသနပြုခဲ့ရာ အခန်းအတွင်း လေ၀င်လေထွက်ကောင်းစေရန် ပန်ကာအသုံးပြုအိပ်စက်သည့် ကလေးငယ်များသည် အိပ်နေစဉ် ရုတ်တရက်သေဆုံးမှုမျိုးမရှိကြောင်း တွေ့ရှိရသည်ဟု သိရှိရပါသည်။
Saturday, November 1, 2008
ကျန်းမာရေး
Posted by ကဗျာမ လေး at 9:07 AM
Labels: ကျန်းမာရေး ကဏ္ဍ
Subscribe to:
Post Comments (Atom)

1 Comment:
မင်္ဂလာပါ
ကျန်းမာရေး ပညာပေးဗဟုသုတအတွက် ကျေးဇူးပါ၊ ရသစုံ အိမ်လေးကို မကြာမကြာ အလည်ရောက်ပါတယ် .. ချမ်းမြေ့ပါစေ ..ဝင်းဇော်
http://winzaw-mdy.blogspot.com
Post a Comment