သြော်.... သူများတွေမှဖြင့်
ချစ်လို့ဖြစ်သွား
ချစ်ရည်းစားနဲ့
မောင်ကတစ်မျိုး
မေကတသွယ်
ချစ်ခင်ယုယ
ကြင်နာကြနဲ့
တူရည်မျှော်မှန်း
ဘ၀လမ်းကို
ကြည်နူးပုံရိပ်
မျှော်တစိတ်ဖြင့်
ပျော်နေလိုက်ကြ.....
သြော်..... ငါ့မှာတော့ဖြင့်
ရင်မှာပွင့်ဖူး
အချစ်ဦးနှင့်
ရည်ရွယ်မျှော်မှန်း
ဘ၀လမ်းကို
တွဲလက်မခွာ
ချစ်လျက်သာဟု
ယူမှတ်ထားလည်း
ချစ်သူ့မျက်ဝယ်
ချစ်ရိပ်မနွယ်
ချစ်စိတ်မလွယ်ဘဲ
သူရွေးယူရာ
သည်ခေါင်းစဉ်မှာ
ဝန်တာအတွက်
နေနေလျက်ပေါ့.....။
သြော်....... ချစ်ပန်းတစ်ပွင့်ကို
ချစ်သူထံပါး
ရရှိထားလည်း
ထိုပန်းကိုကြည့်
နမ်းရှိုက်မိမှ
ရနံ့မပါ
သာယာမှုကင်း
ကြင်နာမှုရှင်းတဲ့
စက်ရုံကထုတ်
လူကလုပ်တဲ့
ပန်းဖြစ်နေလျော့လား.....။
Monday, June 1, 2009
ခေါင်းစဉ်အောက်ကလူ
Posted by ကဗျာမ လေး at 12:45 PM
Labels: မျှဝေခြင်း ကဏ္ဍ, နှစ်သက်မိသော ကဗျာလေးများ
Subscribe to:
Post Comments (Atom)

4 Comments:
ကဗျာ အဓိပာယ်နဲ. ရေးထားတဲ. စာသားကတော.
လန်ထွက်နေတာဘဲဗျို. ... ကောင်းတယ်ဗျ
အားပေးလျက်ပါ
အယ်
ဒူ့ ကိုစောင်းရေးထားတာ လည်း...
ကဗျာ ကတော့ မိုက်သလားမမေးနဲ့ 
ဂွတ်ထ :D
အယ်
အမရယ် ..
အဆင်ပြေပါစေနော် ..
ပျော်ရွှင်ပါစေး)
ဒီကဗျာလေးက ဆရာ မောင်လှမျိုးတို့ ရေးပုံလေးနဲ့ဆင်လိုက်တာ .. စပ်ထားတာလေးက လှတယ်ဗျာ ...
Post a Comment