ဒီကဗျာ က ကဗျာရေးတာ မဟုတ်ရပါဘူးကွယ်ရို့ :P “WELCOME” ထံမှ အိမ်ရှင်မရှိတုန်း ခိုးယူလာသော ကဗျာလေး ဖြစ်ပါသည်ရှင်...။
ခွင့်လွှတ်တော်မူကြပါဗျိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ကောင်မလေးရယ်
ပတ်သက်လေသမျှ
ဥပက္ခောမငဲ့ ထားခဲ့ရက်တယ်။
အေးစက်စက်ဆောင်းရဲ့ နှင်းသည်းတဲ့ညမှာ
တွေးကဗျာတစ်ပုဒ် ရေးဖို့
ဈာဉ်အစဉ်မှာ ပျံ့လွှင့်နေတဲ့
မှော်ဝင်မြစ်ကျဉ်းတစ်လျှောက်မှာ
နွေးထွေးမှုကို ငါရှာနေမယ်
အော်သံခေါ်သံနဲ့
မင်းပုံရိပ်တွေ ဝေးသည်ထက်ဝေးအောင်
ပိတ်လှောင်မှုတွေနဲ့ ထပ်တူ
နှင်းတောထဲမှာ ငါကျေနပ်စွာနဲ့ နစ်နေပါရစေ
ယုံကြည်မှု တစ်ခုအတွက်
မင်းမခူးလည်း
ရည်စူး မင်းအတွက်
အရူးအမူးပဲ ဝေပြမယ်
ကြွေရက်မစောသေး သရွေ့ပေါ့ ကောင်မလေးရယ် .. ..
Look back to memory lane
-
ဟိုးအရင်နှစ်တွေက Memory အဟောင်းတွေ ပြန်ကြည့်မိရင် စိတ်က ရုတ်တရက် နူးညံ့
ကြည်လင်သွားသလိုပဲ... ချက်ချင်းကို စာအသစ်တွေ ရေးဖွဲ့ချင်စိတ်လည်း
ဖြစ်လာမိတယ်။ ဒါမယ့်...
3 weeks ago
6 Comments:
ကဗျာက ပြောပြချင်တဲ့ ချစ်သူတစ်ယောက်ရဲ့ ပေးဆပ်မှုတွေကို စာသားတွေကနေ တစ်ဆင့် မြင်ခဲ့ရတယ် ... ဖန်တီးတတ်လိုက်တာ
နေဒေးသစ်။
မဝေဖန်တတ်တော့ဘူး...
:(
မိုက်တယ်ဗျာ ကဗျာလေးက စားတယ်ဗျို.
မိုက်တယ် ..း)
ကဗျာလေးကို အတော်ကြိုက်သွားမိတယ်ဗျ..။
အရူးအမူးဆိုတော့ အရက်များမူးနေသလား၊ အင်းလေ သူ့ခမျာ သောက်သင့်တာပေါ့ နှင်းတောထဲမှာ ငါကျေနပ်စွာ နစ်နေပါရစေ ဆိုတော့လဲ ဒီအရက်လေးမှ မသောက်ထားရင်လဲ သေးခဲ... မှားလို့ သွေးခဲ သေသွားမှာကိုးးဗျ.။
Post a Comment