အမုန်းမဖက် အပြုံးစွက်၍
ရက်လရှည်ကြာ နှစ်များစွာတိုင်…
ချစ်ခင်မြတ်နိုး ချစ်ပင်ပျိုးလို့
ချစ်မိုးစွေရွာ ချစ်ချင်ပါလည်း……
သူ၏နှလုံး ပြုံး၍မပျော်
ခေါ်သော်မကြား စိမ်းကားလွန်းသည်။
ဤသို့ဤနှယ်
မေ၏မျက်ကွယ် မောင်ရှောင်ဖယ်လည်း
အသည်းဒဏ်ရာ နာကျင်လျက်က
မေ့မရခြင်း ရင်တွင်းခံစား
ဝေဒနာအား သိုသိပ်ထားရင်း
အပြစ်မမြင် ချစ်ခင်လျက်သာ
နေပျော်ပါသည်။
ဘယ်ဆီဘယ်သို့ ရောက်လို့နေလည်း
စိတ်မှာမျှော်မှန်း တမ်းတလို့သာ
လွမ်းရပါသည်။
ကုသိုလ်ကံနည်း မျက်နှာမွဲမို့
ထားခဲ့လေတယ် မဆိုရက်ဘဲ
အချစ်စစ်သာ ဖြစ်ခဲ့ပါလျင်
မောင်ပြန်လာမည် ယုံကြည်ပါသည်
မောင်ပြန်လာမည် … ဟု … ယုံကြည်မိပါသည်။
Look back to memory lane
-
ဟိုးအရင်နှစ်တွေက Memory အဟောင်းတွေ ပြန်ကြည့်မိရင် စိတ်က ရုတ်တရက် နူးညံ့
ကြည်လင်သွားသလိုပဲ... ချက်ချင်းကို စာအသစ်တွေ ရေးဖွဲ့ချင်စိတ်လည်း
ဖြစ်လာမိတယ်။ ဒါမယ့်...
2 weeks ago
7 Comments:
အလဲ. ကာရံ တွေနဲ. လှနေတယ်...
မောင်ပြန်လာ ပါစေဗျာ...
မောင် ပြန်လာမှာပါ
သေချာပါတယ်
စောင့်နေပါ
ချစ်ခင်စွာဖြင့်
ဖိုးစိန်
မမရေ ကဗျာလေးရေးထားတာက ကာရံတွေ တကယ်မိုက်ပါလားနော် မောင်လေးလာပြီးတော့ခံစားသွားတယ်နော်............ တစ်ချိန်တော့ မောင်ပြန်လာမှာပါတဲ့ မမရေ စောင့်မျှော်နေပေးပါတဲ့နော်။
ခင်မင်တဲ့
ကိုတိုးလေး
ပြန်လာပါစေ မရေး)
မောင်ရေ..မြန်မြန်ပြန်လာပေးလိုက်ပါနော့်... မက်မက်တီတီ စောင့်နေတယ်........ အဟီးးး
အခု ထိပြန်မလာသေးဘူးလား ဟာ
ငါသွားခေါ်ပေးရမလား
ချစ်သူမလာ စိတ်မသာ၍
ရင်တွင်းဒဏ်ရာ ကြိတ်ဖြေရှာလည်း
ဝေဒနာဆတိုး သည်ဝဋ်ကြွေးမို့ 
တစ်ယောက်တည်းကြိတ် ချွေးသိပ်နေမည်
ရင်မှအချစ် သည်းအူနှစ်ကို
ချစ်သူမောင်မှ သိပါစ...။
မိုက်တယ်ဗျာ၊ ခိုက်တယ်ဗျာ။ ကြိုက်တယ်ဗျာ၊ လန်ထွက်နေတာပဲ
အဲဒီလိုကာရံလေးနဲ့ဆိုတော့ ဖတ်ရတာ စီးစီးအပိုင်ပိုင် ရှိတယ်ဗျ။
မော်ဒန်ကဗျာတွေကိုတော့ သိပ်နားမလည်ဘူး ကိုယ်လိုက်မမှီတာလဲ ပါမှာပေါ့။ ဒီလိုစီးစီးပိုင်ပိုင် ဖြစ်ဖို့ဆိုတာကလဲ
ကောက်ညုင်းပေါင်းကို လက်ထဲမှာ ဖြစ်ညုစ်ပြီး ဖတ်ရမယ်ဆိုရင်တော့ ခုလိုပဲ စီးစီးပိုင်ပိုင်လေး ဖြစ်လာမယ်ထင်တာပဲ။ ဟိဟိ
Post a Comment