မိုးခါးက ကဗျာ့ကို မေးတယ် “ မနက်ခင်းကို ဘယ်သို့ထတယ် ” တဲ့။
မမ ချစ်တဲ့ ညီမလေးက မေးတော့ ရွှင်လန်းဝမ်းမြောက်စွာနဲ့ ဖြေရဦးမှာပေါ့ နော်…။
ကဗျာ ကလေ မနက်ငါးနာရီဆိုရင် ကဗျာ့ကို နှိုးဖို့ နိုကီယာ့ ကို မှာထားတယ် … ဒါပေမယ့် သူမနှိုးမီ ကဗျာ နိုးနိုးနေတတ်တာ အကျင့်ဖြစ်နေပြီ …ကြိုပြီးနိုးနေလို့ လေးနာရီခွဲဆိုတဲ့ အချိန်လေးမှာ ထဖြစ်သွားတယ် ……… လို့ မထင်ပါနဲ့။ သူ့ကို အချိန်ပြောင်းနှိုးခိုင်းတာပေါ့ …ဟိ။
ပထမ ငါးနာရီ တစ်ဆယ့်ငါး၊ ဒုတိယ ငါးနာရီခွဲ … မနိုးချင်ယောင်ဆောင်ပြီး အချိန်တွေပြောင်းပြောင်းနှိုးခိုင်းခဲ့တယ်… နောက်ဆုံးတော့ ငါးနာရီ လေးဆယ့်ငါး ဆိုတဲ့ အချိန်တစ်ခုမှာ မထချင် ထချင် ထဖြစ်အောင် ကြိုးစားနိုးထရတော့တာပေါ့ … ဒီထက်ပို အိပ်နေရင် ကိုယ်စောင့်နတ်က ကြိမ်ဆဲတော့မယ်လေ …သူက နတ်သဘင်အစည်းအဝေး သွားရဦးမယ် မဟုတ်လား။ ဒါ့ပြင် ဘုရား မျက်နှာသစ်တော်ရေ၊ သောက်တော်ရေ ကပ်ဖို့လည်း နောက်ကျတော့မယ်လေ… ……။
ကဗျာ အိပ်ယာမထမီ မျက်စိနှစ်လုံးပွင့်တာနဲ့ …… ဖုန်းထဲမှာ ထည့်သိမ်းထားမိတဲ့ မောင့်ဓာတ်ပုံလေးကို ကြည့်ပြီး ရင်ထဲကစကားလေးတွေကို နှုတ်ကနေခြွေမိတယ် … (မောင်ကတော့ ကြားနိုင်ရဲ့လား မသိပါဘူး) … နံနက်ခင်းရဲ့ နိုးထမှုအစမှာ မောင့် ကိုမြင်တွေ့ခွင့် ရတာ စိတ်ကိုကြည်နူး ချမ်းမြေ့စေပါတယ်…..မောင့် ကို နှုတ်ဆက်အပြီးမှာတော့ အိပ်ယာက အသာအယာထ စောင်ခေါက် အိပ်ယာသိမ်းပြီး နိုကီယာ့ ကို အားဆေးတိုက်ရတယ်(သူ့ခမျာ ကဗျာ့ကို နှိုးဖို့ အတော်ကြိုးစားထားရတာ အားနည်းနေရှာပြီလေ)။
ပြီးတော့မှ လေ့ကျင့်ခန်းလုပ်၊ ရေသုံးခွက်ဆင့်သောက်ပြီး ကိုယ်လက်သန့်စင်တယ်…။ စိတ်ရောကိုယ်ပါ ကြည်လင်သန့်စင်ပြီဆိုမှ ဘုရားသောက်တော်ရေကပ်၊ မျက်နှာသစ်တော်ရေကပ်၊ ဘုရားပန်းရေလဲ နဲ့ ဘုရားဝေယျာဝစ္စ လုပ်အပြီးမှာတော့ နံနက်ခင်းနိုးထချိန်အဆုံးသတ်ပြီး တစ်နေ့တာ လှုပ်ရှားရုန်းကန်မှု အတွက် အစပြုရပါတော့တယ်…။
ကဗျာရဲ့ နံနက်ခင်းနိုးထမှုဟာ အဆန်းတကြယ်မရှိလှပါဘူးလေ ……။
အားလုံးသော မိတ်ဆွေ သူငယ်ချင်းများ သာယာချမ်းမြေ့တဲ့ နံနက်ခင်းလေးများ ပိုင်ဆိုင်နိုင်ကြပါစေ……။
ညီမလေး မိုးခါး ရေ …… ခုလိုပြောပြခွင့်ပေးလို့ ကျေးဇူးပါနော်။
Look back to memory lane
-
ဟိုးအရင်နှစ်တွေက Memory အဟောင်းတွေ ပြန်ကြည့်မိရင် စိတ်က ရုတ်တရက် နူးညံ့
ကြည်လင်သွားသလိုပဲ... ချက်ချင်းကို စာအသစ်တွေ ရေးဖွဲ့ချင်စိတ်လည်း
ဖြစ်လာမိတယ်။ ဒါမယ့်...
2 months ago
3 Comments:
အစ်မရေ .. အစ်မရဲ့ မနက်ခင်းလေးကတော့ သာယာကြည်နူးစရာပဲ .. ညီမလည်း အတုယူမှ .. ညီမကိုတော့ ကိုယ်စောင့်နတ်က ကြိမ်ဆဲမှာ သေချာပဲ :D
တီတီကဗျာ မနက်ခင်း အိပ်ယာထတာလေးကို ဖတ်သွားပါတယ်...
ကောင်းမွန်တဲ့ လုပ်ဆောင်ချက်လေးတွေနဲ့ နေ့တနေ့ရဲံ့ အစကို လုပ်ဆောင်လိုက်တယ်ဆို သိလိုက်ပါတယ်..
:) :)
အာဝါးးးးးးးးးးးးးးး)
သြော် ကဗျာကဗျာ..။
ငါ့မှာနို ကီယာ ဆိုလို့  နင့်အခန်းဖေါ် သူငယ်ချင်း ထင်နေတာ..။:P ငါလည်းတော်တော် တုန်းသေးတာ ပဲနော်..။ ငါက Nokia ကိုလူထင်နေတာ..။ တိမှ မတိ ပဲကိုနော်..။
ဟိဟိ
Post a Comment