Tuesday, March 31, 2009

ပုံရိပ်ယောင်

မျှော်လင့်ချက်လေးတွေပေး
ယုံကြည်မှုတွေယူ
ကိုယ့်နှလုံးသားကိုသိမ်းပိုက်
နောက်...
နှုတ်ဆက်တယ်လို့ မပြော
မုန်းလိုက်တော့လို့ မဆို
မေ့လိုက်ပြီလို့ မသုံး
ပျောက်ဆုံးသွားတဲ့မင်းကို
ကိုယ် အမြဲရှာနေမိပြီ...။
ဝေးသွားခဲ့ပြီး နောက်ပိုင်း
မင်းနဲ့ပျော်ရွှင်ခဲ့တဲ့
အချိန်ခဏလေးတွေကိုပဲ
ကိုယ်ရဲ့အမှတ်တရအဖြစ်
ပိုင်ဆိုင်ခွင့်ရှိနေပါရစေ...။

1 Comment:

mgnge said...

hay!

I`m here;

:D

just kidding;

Post a Comment