သာယာစေသလား
ခါးစေသလားကွယ်။
မုဒိတာဖြစ်
အချစ်စစ်ပေမယ့်
သုခိတာယွန်း
အမုန်းသွန်းကာ
ငါ့ထံငါ့နား
ငါ့အပါးမှ
အဝေးသို့ ရှောင်ခွာ
မညှာတာပါလား။
ဒါတောင်မှ
ကြင်နာလေသယောင်
ဟန်ဆောင်ခဲ့တယ်။
အချစ်ကိုယူ
ဝေဒနာတွေရေး
အမုန်းပေးခဲ့တဲ့
မင်းရဲ့နှလုံးသား
အစွန်းများဆီမှာ
အချစ်ဆိုတဲ့အရာ
ရှိလေဦးမလား။
အမုန်းစုန်းနတ်
ဝင်လုံးဖက်ထား
မင်းနှလုံးသားကြောင့်
မာယာမမြင်
သာယာထင်မိတဲ့
ငါ့နှလုံးသား
ပျားရည်များကြောင့်
ဝမ်းပျက်ခဲ့ပြီ။
ဒါကိုမင်းလည်း
သိရက်နဲ့များ
ရက်စက်သလားကွယ်။
Thursday, March 26, 2009
ရက်စက်လိုက်တာ
Posted by ကဗျာမ လေး at 8:44 AM
Labels: ခံစားချက်လေးများ, နှစ်သက်မိသော ကဗျာ
Subscribe to:
Post Comments (Atom)

2 Comments:
ကဗျာလေး ဖတ်သွားပါတယ်။
အစ်မပြောတဲ့ ဟန်ဆောင်အချစ်ဆိုတာနဲ့ မဆုံဆည်းနိုင်ပါစေနဲ့
အချစ်စစ် အချစ်မှန်နဲ့ ဆုံတွေ့နိုင်ဖို့ မျှော်လင့်ပါတယ်။
ဟန်ဆောင်နေတယ်လို့ သိရင်တော့ ဆက်မချစ်နိုင်ဖို့ကြိုးစားအမရေ .. ပိုပိုနစ်သွားဦးမယ် ..
Post a Comment