Tuesday, March 24, 2009

ဝါသနာ အရင်းခံ

မိုးခါး (ထာဝရ ကြယ်စင်) က တဂ်ထားတယ်ဆိုလို့ ၀မ်းသာသွားတယ် .... မိုးခါး လိုပဲ ဘယ်သူကများ တဂ်မလဲလို့ မျှော်နေတာ ..... မိုးခါးက အသိအမှတ်ပြုလို့ တော်သေးတာပေါ့။(ခင်မင်မှု အမှတ်တရလို့ ယူဆပါတယ။်) စာတော့မရေးတတ်ပါဘူး။ ဒါပေမယ့် ရေးကြည့်ချင်တာပေါ့ ... သူတကာကို အားကျမိတယ်လေ...။
ကဗျာရဲ့ ၀ါသနာက စာဖတ်ခြင်း...... မဟုတ်တာတော့ သေချာတယ်... ဖေဖေ၊ မေမေ၊ ကိုကြီးနဲ့ ဦးလေး၊ အဒေါ်တွေ အားလုံး စာဖတ်ဝါသနာပါကြတယ်... ကဗျာ ကတော့ လုံးဝကို မပါတာဗျာ (ဟီး)။
ကဗျာ ငယ်ငယ်... ဒုတိယတန်း ကတည်းက စပြီး မြန်မာအက ကို အခြေခံကစပြီး သင်ယူခဲ့တယ်.. ကဗျာလွတ်အက ပေါ့။
ကဗျာ က မန္တလေးသူအစစ် ... ယဉ်ကျေးမှုကို မြတ်နိုးတယ်၊ အနုပညာကို ချစ်တယ်။ အထူးသဖြင့် အက ပညာကိုပေါ့။ ဆိုင်းသံကြားရင် အလိုလိုလက်က ချိုးပြီးသားပဲ... အဲဒါ ငယ်ငယ်ကမှ မဟုတ်ဘူးနော်... ခုချိန်ထိ။
ကဗျာ့ ရဲ့ သင်ဆရာက လူရွှင်တော်ကြီး မြို့တော် ဦးပေါစံရဲ့ သမီးပါ။ ဆရာမက ကဗျာ့ ကို အခြေခံကစပြီး အသေအချာ သင်ပေးခဲ့တယ်..။ ပထမ ကဗျာလွတ်အက၊ ဒုတိယ ယိုးဒယားတပင်တိုင်အက ပေါ့.. တပင်တိုင်အက ကို ဒုတိယထားပြီး သင်တာ မြန်လွန်းစောလွန်းပါတယ်... အကပညာကိုစသင်ခါစ အရွယ်ကလည်းငယ်သေးတယ် ပညာကလည်းခက်တယ်... သို့ပေသည့် ကဗျာ က ၀ါသနာပါရုံမက ပါရမီလည်း ပါလို့ ထင်ပါရဲ့ ဆရာမက ယုံကြည်စွာနဲ့ သင်ကြားပေးလို့ အခက်အခဲမရှိ ၃ ရက်ဆိုတဲ့ အချိန်ကာလနဲ့ တပင်တိုင်အက ကို ကျွမ်းကျင်ညက်ညောစွာ ကတတ်ခဲ့တယ်။ အက တစ်ပုဒ်သင်ပြီးတိုင်းမှာ ဆရာမက သူ့ရဲ့ ဆရာ မန္တလေး ပန်တျာကျောင်းက ဆရာလေးလို့ ခေါ်တဲ့ ဦးသန်းအောင်ကို အကဲဖြတ်ခိုင်းတယ်။ ဆရာလေးက အက စာမေးပွဲ စစ်ပေးတာပေါ့ … ဆရာလေး သဘောကျ ဖြစ်စေခဲ့တယ်… ၀ါသနာအရင်းခံ လေ … သင်လွယ် တတ်လွယ်ပေါ့…..။ ဒီလိုနဲ့ ဆရာနှစ်ယောက်ရဲ့ သင်ကြားမှုအောက်မှာ ဆီမီးခွက် အက ကအစ ယိမ်းအကတွေ အဆုံး တတ်မြောက်ခဲ့ပါတယ်။ (ဒီနေရာကနေ ဆရာသမား နှစ်ဦးကို ဂါရ၀ ပြုပါတယ်။)
နောက်တော့မှ လွယ်ကူတဲ့ ကကြိုးလေးတွေဖြစ်တဲ့ သင်္ကြန်အကလေးတွေ ကတယ်။ အငြိမ့်သီချင်းလေးတွေနဲ့ ကဖြစ်တယ်။
ပဉ္စမတန်း ကစပြီး ကျောင်းမှာ အက ပြန်သင်ပေးခဲ့တယ်(ကိုယ်က ကကွက်ပြပေးရုံပါ ... ဆရာမတွေက တဆင့်ပြန်ညွှန်ကြားပေးတာပေါ့ ... ကိုယ်ကအသက်ငယ်သေးတော့ ဆရာ မလုပ်ရဲဘူးလေ)။
အဋ္ဌမတန်း စာမေးပွဲ ဖြေအပြီးမှာတော့ တကယ့် ဆရာမ စစ်စစ်ဖြစ်ခဲ့တယ်။ ဌာနဆိုင်ရာ မဏ္ဍာပ်တွေမှာ စင်ပေါ်မှာ ရှိနေခဲ့တယ်။ မြို့မနဲ့ ကဗျာ အတူတူရှိနေတတ်ခဲ့တယ်။ ၁၀တန်းအောင်တော့ ယဉ်ကျေးမှုတက္ကသိုလ် ကို လျှောက်ခဲ့ပါသေးတယ် … ဒါပေမယ့် တက်ခွင့်ရတယ်ဆိုတဲ့ အကြောင်းကြားစာက နောက်ကျမှ ရလို့… မတက်ဖြစ်ခဲ့ဘူး။
ဒီလိုနဲ့ မန္တလေးတက္ကသိုလ်ကို စရောက်တဲ့နှစ်မှာ ဆို၊က၊ရေး၊တီး ၀င်ပြိုင်တယ်။ ကိုယ်က အကပဲကောင်းအောင် ညက်အောင်ကတတ်တာလေ။ အရယ် အပြုံးကမတတ်ဘူး… ဒီတော့ တတိယပဲရတာပေါ့ (အဟိ ကြွားတာ)။
ကဗျာ က အနုပညာအလုပ်မှန်သမျှ ၀ါသနာပါ ပါတယ် (နဲနဲစီပေါ့)။ အက ပြီးရင် အဆိုပေါ့ ခုဆို ကျောင်းကနေ ညနေ အိမ်ပြန်ရောက်တာနဲ့ သီချင်းဆိုဖြစ်တယ်…… စိတ်ရဲ့ ထွက်ပေါက်လည်းဖြစ်တာပေါ့လေ။
ပြီးတော့ အနုပညာ မဟုတ်တဲ့ ၀ါသနာတစ်ခုကတော့ ……… ပြောတော့ဘူး (ဟီး)
စာရေးတာကို ၀ါသနာသိပ်မပါဘူး …… ကဗျာတော့ တစ်ရံတစ်ခါ ရေးတတ်ပါတယ်…
ဒီလောက်ပါပဲနော် ……… မိုးခါးရေ။
ဖတ်ပြီး စိတ်ညစ်သွားမယ် ထင်တယ်။ စာရေးမတတ်လို့ ခွင့်လွှတ်နော်။

4 Comments:

မိုးခါး said...

wow! အံသြစရာပါလား .. ဂုဏ်ယူပါတယ် .. တကယ်ပါး)ခုလိုရေးပေးတဲ့အတွက်လည်းကျေးဇူး ..း)

Welcome said...

တဂ်ပို့စ်လေး လာအားပေးတယ်နော်
ကတာ ဆိုတာ ၀ါသနာပါမှန်း သိရလို့ ဂုဏ်ယူတယ်။
ထူးချွန်တဲ့ သဘင်သည်လေး ဖြစ်စေဖို့ ဆုတောင်းတယ်။

mgnge said...

ဝိုး ... ။ နင် တကယ်ကတတ် တာလား...။
ငါလည်း ကတတ်တယ် ဟ...။ သိလား ငါဆို နင့်ထက်တောင်ငယ် ဦးမယ် ..။
အကသင်လာတာ ..။ ငါ့သင်ပေးတာ ငါ့အမေ လေ..။ စသင်တုန်း ကချို မိုင်မိုင် ပေါ့...။ အသက်နည်းနည်း ကြီးလာတော့မှ ချို မိုင်မိုင် မက တော့တာ...။
:D စတာ...။

လာအားပေးတာပါ...။ ၀ါသနာနောက်တစ်ခု ကို သိချင်ပါ့ ဟာ..။

မသက်ဇင် said...

ကဗျာမလေးက မင်းသမီးလေးကိုး
အနုပညာ စွယ်စုံရလေးပေါ့နော်---
က-တာလေး--ကြည့်ချင်လိုက်တာ--
ပျော်ရွှင်ပါစေ---

Post a Comment