Tuesday, March 17, 2009

လမ်းခွဲမှတ်တိုင်

ပြီးသွားပါပြီကွယ်
ကိုယ်တိုင်မှ အဆုံးမသတ်ရင်
အပြုံးပျက်တဲ့အပြင်
အမုန်းတွေသာ အဖတ်တင်လိမ့်မယ်
ရှုံးရမှာချင်းအတူတူ
ကိုယ့်ရင်ကို
ကိုယ်တိုင်သာ ခွဲပါရစေတော့ ...
မင်းနားလည်မှာပါ
ဘာကြောင့်ပဲလွဲလွဲ
ကံကြမ္မာကို အပြစ်တင်ရင်တောင်
ကိုယ်တိုင် ကုသိုလ်နည်းလို့
ခွဲခဲ့ကြရပြီပဲ ...
ခုတော့ကွယ် ...
လွမ်းတယ်ဆိုလည်း
တည့်တည့်မကြည့်ရဲလို့
ငဲ့ကြည့်ဆဲမှာပဲ
လှည့်ထွက်ကျောခိုင်းလည်း
မင်း ... မရိုင်းပါဘူးကွယ် ...။

2 Comments:

Anonymous said...

ဒီကဗျာမျိုးလေး တစ်နေ့မှာ ရေးဖြစ်တော့မယ် အမရယ်.... ထပ်တူခံစားရတာပါ။

Welcome said...

ခုခေတ်မှာ
ခုမြင်
ခုကြိုက်
ခုကောက်
ခုမုန်း
ခုကွဲ
ဒီသံသရာတွေက လွတ်အောင်
မရုန်းနိုင်သမျှတော့
အစ်မကဗျာလည်း
ကွဲနေအုန်းမှာ အမှန်ပါပဲ (အသည်း)

Post a Comment