Tuesday, March 17, 2009

မတတ်သာ၍

သမုဒယနယ်၏
ရင်တွင်းဖြစ်
ဥပေက္ခာအချစ်မှာ
အနုအရွဟာ နတ္ထိ
တယုတယဆိုတာ မရှိ
ခုဘ၀ဟာ ဝေးမှတော့
နောင်ဘ၀ဆိုတာ
တွေးကြည့်ဖို့တောင်
မလိုပါဘူးကွယ် ...။
သွားလိုက်ပါ
ဘယ်တော့မှ မနီးနိုင်တဲ့အတူတူ
ဘယ်လောက်ပဲဝေးဝေး
ငေးလို့မရတာကလွဲလို့
လွမ်းတယ်ဆိုတာလဲ
ကိုယ့်အဖို့တော့
ဘယ်မှာ ဆန်းကြယ်လို့လဲ ...။
အလွမ်းနယ်ပယ်တစ်ဝိုက်
ထားခဲ့သူအကြိုက်
လိုက်လျောနေထိုင်
အခုတော့
သစ္စာရောင်ပန်းသီကြိုးဟာ
အလှမ်းမမှီလို့
ဝေးခဲ့ပြီတဲ့လား ...။
ဘာပဲဖြစ်ဖြစ်လေ
ညမှာလဲ
လဟာ အမြဲတမ်းမရှိခဲ့သလို
စမ်းဟာလည်း
ပန်းအတွက်
အမြဲတမ်း မအေးနိုင်ခဲ့ဘူး
ဒီလိုပါပဲ
မင်းနဲ့ငါကြားမှာလဲ
အချစ်ဆိုတာ
ဖွင့်ပြောမှ မဟုတ်ပါဘူးကွယ်

3 Comments:

Welcome said...

မကဗျာ

မျက်ရည်နဲ့သောကတွေ
ရောစပ်ထားတဲ့
ရင်တွင်းဖြစ်ကဗျာလေးရဲ့
ပူဆွေးနေမှုကို
ထဲထဲဝင်ဝင် မြင်နေရပါတယ် ..
ကဗျာကောင်းလေး တစ်ပုဒ်ကို
ဖတ်လိုက်ရလို့
ကျေးဇူးပါ

လေးစားလျက်နဲ့

Anonymous said...

မတတ်သာ၍ ခပ်ခွာခွာနေကြသော်လည်း
အသည်းချင်းဖြင့်နီးကြတုန်း
သီချင်းသတိရသွားတယ်ဗျာ

Anonymous said...

သယ်ရင်း ရယ်..အသည်းကွဲ နေ တာလား..။
ကဗျာတွေ က အသည်းကွဲ တာနဲ့လွမ်းခွဲ တာတွေ ပဲနော်..။
ထွက်လာတဲ့စာ သားတွေ ကလည်း အရမ်းကောင်း နေ ပါလား..။

Post a Comment