သူ့စကားကို
ကိုယ့်စကားလုပ်ပြောတာ၊
ကိုယ့်စကားကို
သူ့စကားလုပ်ပြောတာ၊
ဟိုစကား ဒီပို့တာ၊
ဒီစကား ဟိုပို့တာ၊
ပါးစပ်ထဲတွေ့ရာ
ဇာတ်လမ်းဆင်ပြီး
ပလီစေ့ခြောက်ချက် လုပ်တာ၊
ဆရာကြီးလေသံနဲ့
အာချောင်တာ၊
ကိုယ့်စိတ်နဲ့နှိုင်း,
ကိုယ်လိုရာ ဆွဲတွေးပြီး
တစ်ဖက်သားကို
စွပ်စွဲကဲ့ရဲ့တာ၊
အတင်းပြောတာ၊
အပုပ်ချတာ၊
နာမည်ဖျက်တာ၊
သိက္ခာချတာ၊
ငယ်ကျိုးငယ်နာဖော်တာ၊
ဒါတွေအားလုံးဟာ
ဝစီဒုစရိုက်လေးပါးထဲမှာ
အကျုံးဝင်ပါတယ်။
Friday, March 6, 2009
အပြောမတတ် အရှုပ်အဖွများရင် အတောမသတ် ဒုက္ခပွားမယ်
Posted by ကဗျာမ လေး at 2:23 PM
Labels: စိတ်အားဖြည့် စကားစု
Subscribe to:
Post Comments (Atom)

0 Comments:
Post a Comment