Thursday, March 5, 2009

ရင်ခုန်သံအနီးဆုံး

အဖြူရောင်မျက်ဝန်းတွေ
အရောင်မပြောင်းချင်ခဲ့ပါဘူး
ငါ့ရင်ခုန်သံတွေကတော့
အရောင်ပြောင်းလဲလာခဲ့ပြီလေ။
သူငယ်ချင်းဆိုတဲ့ ရိုးသားပွင့်လင်းမှုတွေကို
ထိန်းချုပ်ပစ်လိုက်တော့မယ်။
လျှို့ဝှက်နက်နဲမှုတွေအပြည့်နဲ့
သယ်ဆောင်လာတဲ့ အချစ် ဆိုတဲ့ အက္ခရာ
င့ါနှလုံးသားမှာ ပုံရိပ်ထင်လာပြီလေ။
ငါ့ဦးနှောက်က လက်မခံချင်တဲ့ ရင်ခုန်သံတွေကို
ငါ့နှလုံးသားက သာယာနေမိတယ်။
ဒီလိုစကား ပြောနေတဲ့ငါဟာ
နင့်အပေါ်မှာ တရားပါတော့မလား။
မှန်သောသစ္စာစကားတစ်ခွန်း ပြောပါရစေ
ကုန်လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကတည်းက ဖြစ်တည်ခဲ့တဲ့
အမှန်ကန်ဆုံး ရင်ခုန်သံတွေ ဆိုတာကိုတော့
နင်ယုံကြည်စွာနဲ့ အသိအမှတ်ပြုပေးပါ .. .. ။

0 Comments:

Post a Comment