' လွမ်းတယ် ' ဆိုတဲ့
စာလုံးလေးနှစ်လုံး
ရေးရတာလဲ လွယ်သလို ပြောရတာလဲ လွယ်ပါတယ်.....။
ဒါပေမယ့်
ခံစားကြည့်မယ်ဆိုရင်တော့ ရင်ဘတ်တစ်ခုလုံး
ပြောင်းဆန်နေအောင် မွှေနောက်ပစ်တတ်တာပဲ
သတိယတယ်ဆိုတိုင်း မင်းကိုလွမ်းတဲ့စိတ်တွေ
ဖြေဖျောက်နိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ.....။
ဒါပေမယ့်
လွမ်းတတ်သူရဲ့ ရင်ထဲမှာတော့
သတိယတယ်ဆိုတာနဲ့ လွမ်းတဲ့စိတ်ကို
ဖြေဖျောက်နိုင်မယ် မထင်မိဘူးကွယ်.....။
တခြားသူတော့မသိဘူး ကိုယ့်အတွက်တော့
မင်းမျက်နှာကိုမြင်မှပဲ မင်းကိုလွမ်းတဲ့စိတ်ကို
ဖြေဖျောက်နိုင်မယ် ထင်မိပါရဲ့.......။ ။
Look back to memory lane
-
ဟိုးအရင်နှစ်တွေက Memory အဟောင်းတွေ ပြန်ကြည့်မိရင် စိတ်က ရုတ်တရက် နူးညံ့
ကြည်လင်သွားသလိုပဲ... ချက်ချင်းကို စာအသစ်တွေ ရေးဖွဲ့ချင်စိတ်လည်း
ဖြစ်လာမိတယ်။ ဒါမယ့်...
5 weeks ago
7 Comments:
လွမ်းတာကို နာတာနဲ့ ဖြေတော့လည်း နေကောင်းသွားတာပဲ
မင်းမျက်နှာကိုမြင်မှပဲ မင်းကိုလွမ်းတဲ့စိတ်ကို
ဖြေဖျောက်နိုင်မယ် ထင်မိပါရဲ့....
မှန်လိုက်တာ၊ မောင့်တစ်မျက်နှာ တစ်ကမ္ဘာထင် စာချိုးလေးတောင်ရှိတယ်မဟုတ်လား ကဗျာမလေးခံစားချက်မှန်ကန်ပါတယ်။
လေးစားလျက်
မမြင်နိုင်တဲ့တစ်နေရာရောက်ရင် ဓါတ်ပုံဆောင်ထားနော် စာနာလို့ပါ။ လွမ်းစိတ်ရယ်ပြေပါစေ။
(လေးစားလျက်)
မမြင်နိုင်တဲ့တစ်နေရာရောက်ရင် ဓါတ်ပုံဆောင်ထားနော် စာနာလို့ပါ။ လွမ်းစိတ်ရယ်ပြေပါစေ။
(လေးစားလျက်)
မမြင်နိုင်တဲ့တစ်နေရာရောက်ရင် ဓါတ်ပုံဆောင်ထားနော် စာနာလို့ပါ။ လွမ်းစိတ်ရယ်ပြေပါစေ။
(လေးစားလျက်)
အစ်မခင်ဗျား
အချစ်ကြီးသူတစ်ယောက်အတွက် အလွမ်းတွေ ရင်နဲ့မဆန့် အောင် လွယ်ထားရမယ်ဆိုတာ စာနာ နားလည်မိပါတယ်။
"သတိရတယ်" ဆိုတာလေးနဲ့ အလွမ်းမီးကို မဖြေဖျောက် နိုင်မှန်းလည်း ရင်းနှီးစွာနဲ့ ခံစားရဖူးပါတယ်။ ချစ်တာလည်း သံယောဇဉ်၊ မုန်းတာလည်း သံယောဇဉ်ပဲမို့ ကောင်းသော ချစ်ခြင်းတွေ ရောက်ရှိလာဖို့ ဆုတောင်းပေးလိုက်ပါတယ်။
လေးစားလျက်
http://winzaw-mdy.blogspot.com

Post a Comment