Wednesday, March 4, 2009
မေ့ ခက်ခက် လွမ်းရေးဆက်
မမေ့ဘူးရယ်လို့ သစ္စာစကား
ထာဝရအတွက် ရည်ရွယ်တဲ့ ကြားက
အမှားတွေကို ရပ်တန့်ဖို့
အမှန်တရားနောက် လိုက်ခဲ့တယ် .. .. ။
အလိုက်အထိုက်လေးပေါ့
အသည်းကွဲခိုက်လေးမှာ
အရာရာဟာ လမိုက်ညမို့
အငိုလွယ်လို့ အရှိုက်ခက်တယ်
လွမ်းရက်ရယ် ရှည်ကြာတာမို့
အိပ်ပျက်ညတွေ နှိပ်စက်အခါခါ
အဲဒီ နွေညရက်ရှည်ထဲမှာ
မေ့ရက်တွေ ကုစား
လွမ်းရက်တွေ ချန်ထား
နေသားကျဖို့ ကြိုးစားဆဲပါ။
လွမ်း ကျန်ရစ်ဖို့ ဇာတာ စန်းခပြီလား .. ..
Posted by Welcome at 11:36 AM
Labels: ကိုယ်ပိုင်ကဗျာစာစု
Subscribe to:
Post Comments (Atom)


0 Comments:
Post a Comment