တေးရေး သုခမိန်လှိုင် ရဲ့ လက်ရာ မီကီကိုးလ် ဆိုထားတဲ့ သီချင်းလေးပါ ... ကြာတော့ကြာခဲ့ပါပြီလေ... အချစ်များနဲ့ကမ္ဘာ၂ ("58-Lady" Concert) Album ထဲကပါ.....။
မျက်လုံးချင်းတော့ ဆုံတာကြလှပြီပေါ့
စကားများဖွင့်လို့ပြောများ ပြောမလား တွေးဆဲ
နှလုံးသားချင်းလည်း ဆုံတာ ကြာခဲ့ပြီပဲ
တစ်နေ့တော့ ကိုယ့်လက်ဆွဲပြီး
စာရွက်တစ်ရွက်ကို သူပေး 228595
ဖတ်ကြည့်တော့ မယုံနိုင်စရာ ချစ်ဖုန်းနံပါတ်…
သတိရလို့ ဖုန်းဆက်ကြည့်တော့
ပြောလို့မ၀တဲ့ စကားများ
သူရယ် ကိုယ်ရယ် အပြန်အလှန် ရင်ဖွင့်ကြရင်း
အနှောင့်အယှက်မဲ့ ငြိမ်းချမ်း တို့အချစ်ရဲ့ အမှတ်အသား
228 595…228 595… 228 595
အိုး ….. ငြိမ်းချမ်းလွန်းတဲ့ တယ်လီဖုန်းလေးရယ်။
သူရယ် ကိုယ်ရယ် ပျော်စရာ ဒီအဆက်သွယ်လေး
ဘေးနားက ၀ိုင်းလို့ကြည့်မယ့် ဘေးကဝေးတော့
ငြိမ်းငြိမ်းချမ်းချမ်း ပျော်စရာ ဒီအဆက်သွယ်လေး
ဂဏန်းလေး (၆) လုံးနဲ့ ဖုန်းနံပါတ်ရဲ့ အမှတ်အသား
228 595… 228 595… 228 595
အိုး ….. ငြိမ်းချမ်းလွန်းတဲ့ တယ်လီဖုန်းလေးရယ်။
ပူလောင်စွာ ဖီလင်တွေလို အသည်းထဲက စကားများပြောဖို့
ဂဏန်းလေး(၆)လုံး ကြင်နာစွာ ကမ္ဘာငယ်ငယ်ကို
တို့နှစ်ယောက်အတွက် ပေးတဲ့ဂဏန်းများ
အိုး … အိုး … အိုး ……
သူရယ် ကိုယ်ရယ် ပျော်စရာ ဒီအဆက်သွယ်လေး
ဘေးနားက ၀ိုင်းလို့ကြည့်မယ့် ဘေးကဝေးတော့
ငြိမ်းငြိမ်းချမ်းချမ်း ပျော်စရာ ဒီအဆက်သွယ်လေး
ဂဏန်းလေး (၆) လုံးနဲ့ ဖုန်းနံပါတ်ရဲ့ အမှတ်အသား
228 595… 228 595… 228 595… အိုး …
ငြိမ်းချမ်းလွန်းတဲ့ တယ်လီဖုန်းလေးရယ် … ဟဲလို …။
Thursday, March 5, 2009
228595
Posted by ကဗျာမ လေး at 9:00 AM
Labels: ရင်ကိုထိရှသော သီချင်း
Subscribe to:
Post Comments (Atom)

0 Comments:
Post a Comment