စည်းတစ်ခုရဲ့
တစ်ဖက်ခြား
ထားသွားခဲ့ပြီးခါမှ
လှည့်မကြည့်ပါနဲ့လား
ချစ်သူ ...
အမှန်ဆိုရင်
တို့နှစ်ယောက်ကြားက
ဘာသာစကား
လွဲမှားခဲ့ကြတာ
ဟိုး..ကနဦး
အစ ကတည်းကပါ။
ပေါင်းရန်မဖြစ်လို့
တစ်ဆောင်းပြန်သစ်တဲ့အခါမှာ
ကြင်ဖော်ဝေးလို့လည်း
ငါမဆွေးတော့ပါဘူးလေ ...
အသစ်မဖြစ်တော့တဲ့
...အချစ်နဲ့
ဆက်လက်နွံမနစ်ဘဲ
နလန်ပြန်ထူနိုင်ဖို့အရေး
ခပ်ဝေးဝေးလေးပဲ
ကောင်းပါတယ်
ချစ်သူ .....။
Thursday, March 19, 2009
ဝေးလေ ကောင်းလေ
Posted by ကဗျာမ လေး at 9:05 AM
Labels: ကိုယ်တိုင်ရေး ကဗျာ
Subscribe to:
Post Comments (Atom)

4 Comments:
မကဗျာ
အမြင်မှန်ရတာလဲ မြန်လိုက်တာ
အေးဆေးပေါ့
ချစ်သူကို ချော့ကြည့်ပါအုန်းလား
စိတ်ဆိုးတာလား၊ စိတ်ကောက်တာလား ဆိုပြီး ..
ဆွပေးတာ ဟုတ်ဘူးနော်
ဆင်ဆင်ပြေ စေချင်တဲ့ဆန္ဒနဲ့ပါ
လေးစားလျက်
ပေါင်းရန်မဖြစ်လို့
တစ်ဆောင်းပြန်သစ်တဲ့အခါမှာ
ကြင်ဖော်ဝေးလို့လည်း
ငါမဆွေးတော့ပါဘူးလေ ...
ကြိုက်တယ် ဟာ..အဲ့စာသားလေးတွေကို .........။
ကဗျာတွေ ဖတ်သွားတယ်
လက်လျှော့ လိုက်တော့မယ်ပေါ့လေ..။ ဆက်မကြိုးစား ချင်တော့ ဘူးလား.။ ဆက်လုပ်ပါဗျ... ကိုယ်က မိန်းကလေးပဲ....။ :P
Post a Comment