Tuesday, July 13, 2010

သာဓုခေါ်စေလို

ဘလော့မှာ စာမရေးဖြစ်တာကြာပြီ... အချိန်မရတာရယ်... ဘာရေးရမှန်းမသိတာရယ်-မရှိတာရယ် ..မရေးတတ်တာရယ်.. ရယ်တွေများနေပြီ... ကဗျာရေးဖို့ စိတ်ကူးကြည့်တော့လည်း ရင်ထဲမှာခံစားနေရတာတွေသာ များနေတယ် စာသားတွေထွက်မလာဘူး.. ကာရန်တွေမမိဘူးဖြစ်နေတယ်... ဒါနဲ့ပဲ...ပြုလိုက်မိတဲ့ အလှူလေးကို လူသိရှင်ကြားကြွားလိုက်ဦးမယ်လို့ .. စိတ်ကူးနဲ့.....ဒီလိုလေး...။
အမှတ်မထင် ခင်မင်ခဲ့ရတဲ့ ဦးဇင်းနဲ့ အမှတ်တမဲ့ စကားပြောဖြစ်တဲ့အခါ .....ဦးဇင်းရဲ့ ဘလော့ (www.ashinjatila.blogspot.com and www.ashinzatila.multiply.com)မှာ ဒီလိုဒီလိုပါတဲ့....

“ပညာရေးကို မြတ်နိုးကြတဲ့ မိတ်ဆွေတို့ရေ...
ပညာဆိုတာ လောကရဲ့ အလင်းကို ဆောင်ကြဉ်းပေးနိုင်တဲ့ အရာပဲ... လောကကြီးဟာ ပညာကြောင့် ဆင့်ကဲ တိုးတက်ပြောင်းလဲလာခဲ့ကြတယ်......ကျောင်းနေအရွယ်မှာ ကျောင်းမတက်နိုင်တဲ့ ကလေးတွေကို တွေ့ရတဲ့ အခါမှာ ကိုယ့်ရဲ့ ဆွေးမျိုးဟုတ်သည်ဖြစ်စေ .. မဟုတ်သည်ဖြစ်စေ..ဘာသာတူသည်ဖြစ်စေ မတူသည် ဖြစ်စေ.. ရင်ထဲမှာ နင့်နင့်သီးသီးခံစားရတယ်.. .. အရွယ်ရောက်နေပေမဲ့ ကျောင်းမတက်နိုင်တဲ့ ကလေးတွေကို များသောအားဖြင့် တောရွာတွေမှ တွေ့ရလေ့ရှိတယ်.. အဲဒါကြောင့် ဒီအဖွဲ့အစည်းလေးကို တတ်နိုင်သလောက်ဖွဲ့စည်းပြီး..... တည်ထောင်လိုက်တယ်... ကလေးတွေကို ကျောင်းစအပ်တဲ့နေ့မှာ သူတို့လေးတွေကို ကျောင်းအပ်စရိတ်နဲ့ စာအုပ်စာတမ်းဖိုးတွေ နှစ်စဉ် လှူဒါန်းသွားဖို့ ရည်ရွယ်ပါတယ်...... ရန်ပုံငွေရဲ့ အခြေအနေအတိုင်း ရွာတွေကို တိုးချဲ့ပြီး...လှူဒါန်းသွားမှာပါ... မိတ်ဆွေတို့လည်း..စိတ်ပါဝင်စားရင်.. လှူဒါန်းနိုင်ပါတယ်... ဒီအဖွဲ့စည်းလေးကို The foundation of Education (FOE) လို့ နာမည်းပေးထားပါတယ်.. ခုမှ တည်ထောင်ခါစမို့ အားပေးသူတွေ လိုအပ်နေပါတယ်...... ။ အခု စတည်ထောင်စမှာတော့တည်ထောင်သူရဲ့ ရွာနီးတစ်ဝိုက်က ကလေးတွေကနေ စပြီး လှူဒါန်းသွားမှာဖြစ်ပါတယ်.. တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ အခြေခံလူတန်းစားတွေကို တက်နိုင်သလောက်လည်း ကူညီရာရောက်ပါတယ်.. နောက်တစ်ခုက ကျောင်းအပ်ချိန်မှာ ဘယ်လိုများ အပ်ရပါ့မလဲ ဆိုတဲ့ မိဘတွေရဲ့ အပူတွေလည်း.... အခုလို ပညာရေးခေတ်ကြီးမှာ မရှိစေချင်တော့ပါဘူး.။”

ဒါနဲ့ပဲ ..... ပထမဆုံး ကဗျာမလေး မစားမသောက်မသုံးမဖြုန်းဘဲ စုထားတဲ့(ချစ်သူနဲ့တိုင်ပင်ပြီးစေ့စပ်လက်စွပ်လုပ်ဖို့စုထားတာ)ပိုက်ဆံလေး တစ်သိန်းနှစ်သောင်း(မြန်မာငွေနော်)ကျပ် ကို လှူဖြစ်လိုက်တယ် ..။ ဆက်လက်ပြီး လှူဖြစ်တာက ကဗျာမလေးရဲ့ မိတ်ဆွေနှစ်ဦးပေါ့... ။ သူတို့ကလည်း ကဗျာမလေး ကြော်ငြာဝင်လိုက်လို့ သဒ္ဓါပေါက်ပြီး အဝေးကနေ လှမ်းပို့လှူလိုက်ကြတာပါ...။ ပထမတစ်ဦးက ... ဦးအိမ် ပေါ့ အများသိ ထင်ရှားကျော်ကြားပါဘိသနဲ့ www.eainhome.co.cc သူလေးပါ.. ဟိ ... ဦးအိမ်က မြန်မာငွေ ငါးသောင်းကျပ်(၅၀၀၀၀ိ/-)တိတိကို FOE အတွက် လှူဒါန်းပါတယ်။ နောက်တစ်ဦးကတော့ သြစတြေးလျကလို့ ပြောပါတယ် မငယ်နိုင်တဲ့ http://nge-naing.blogspot.com ပါ.. အစ်မကတော့ အလှူငွေ တစ်သိန်းပို့လိုက်တာပါ ... ဒါပေမယ့် ကြားထဲကငွေလွှဲပေးသူက လွှဲခကို နှုတ်ယူထားလိုက်တော့ ကဗျာ့ လက်ထဲကို ၉၉၂၅၀ိ/-ပဲရောက်လာပါတယ် ... လိုနေတဲ့ ၇၅၀ိ/- ကို ကဗျာကစိုက်ပြီး ဦးဇင်းဆီပြန်ပို့ပေးလိုက်ပါတယ် ... နောက်ထပ်အနေနဲ့ ကဗျာ့ အဖေက နှစ်သောင်းထည့်ဝင်လှူဒါန်းပါတယ် ... ကဗျာ့လက်အောက်က ၀န်ထမ်းတစ်ယောက်ဖြစ်တဲ့ မယဉ်မင်းသန့်က သူတတ်နိုင်သလောက်လှူချင်ပါတယ်ဆိုပြီး ငါးထောင်ကျပ်(၅၀၀၀ိ/-)ထည့်ဝင်တဲ့အတွက် ကဗျာက ငါးထောင်ထပ်ဖြည့်ပြီး လှူဒါန်းလိုက်ပါတယ် ...။ တစ်နေ့ကပဲ ဦးဇင်းဆီကို စုစုပေါင်း တစ်သိန်းရှစ်သောင်းကျပ်(၁၈၀၀၀၀ိ/-)ဘဏ်ကနေလွှဲပေးလိုက်ပါပြီ .... ။ ။

3 Comments:

Anonymous said...

သာဓုခေါ်ကြပါ ခင်ဗျာ .... ၃ခါနော် ၃ခါ တိုးလိုးတန်းလန်း မခေါ်ထားခဲ့နဲ့ဦးဗျ

မိုးခါး said...

သာဓုခေါ်သွားပါတယ် အစ်မရေ
သာဓု သာဓု သာဓုး))

Nge Naing said...

ကဗျာရေ
အဲဒီလို လျှော့မှန်းမသိခဲ့ဘူး သိရင် အပိုထည့်ပေးလိုက်ပါတယ်။ စိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်တခါလှူဖြစ်မှပဲ စိုက်ပေးထားတဲ့အတွက် အပိုပြန်ထည့်ပေးလိုက်မယ်နော့်။ ကောင်းမှုအတွက် အကျိုးဆောင်ပေးတာ သာဓု သာဓု သာဓုပါနော့်။

Post a Comment