Monday, October 19, 2009

ကို

ငှက်ကလေးတွေ အပျံသင်စ
ရင်ခုန်တတ်စ အရွယ်
ဆယ်ကျော်သက် အလယ်မှာ
ကျွန်မ မျက်ကွယ် ပြုခဲ့မိတာ
ကိုကို့ အချစ်တွေပါ။
ဆယ်ကျော်သက် အလယ်-လွန်
နှစ်ဆယ်ကျော် သုံးဆယ်တွင်း
ချစ်ခြင်းတွေ အသစ်ဖြစ်
အနှစ်ကို ရှာမတွေ့သေးခင်...
ဟော...အခုတော့
အချစ်ဟောင်းကို ပြန်ဆုံတွေ့
မမေ့နိုင်သေးပါလား ဆိုတဲ့ အသိ
ရင်ထဲ ပီတိ ဖြစ်မိပါတယ် "ကို"

6 Comments:

Anonymous said...

ဆယ်ကျော်သက် အလယ်-လွန်
နှစ်ဆယ်ကျော် သုံးဆယ်တွင်း
ချစ်ခြင်းတွေ အသစ်ဖြစ်
အနှစ်ကို ရှာမတွေ့သေးခင်...
ဟော...အခုတော့
အချစ်ဟောင်းကို ပြန်ဆုံတွေ့
မမေ့နိုင်သေးပါလား ဆိုတဲ့ အသိ
ရင်ထဲ ပီတိ ဖြစ်မိပါတယ် "ကို"

အချစ်ဟောင်းက အနှစ်တစ်သောင်းလည်း မမေ့ကောင်းဘူးတဲ့ တကယ်မှန်တယ်

အနမ်း said...

ကဗျာရေ.. ကို နဲ့ ပြန်ပေါ်လာပြန်ပြီပေါ့လေး))
ကဗျာလေးတွေပြန်ရေးတာကောင်းပါတယ်။ မတွေ့ တာအတော်ကြာပြီနော်။
အဆင်ပြေပျော်ရွှင်ပါစေ

မိုးခါး said...

အင်းလေ
မအနမ်းပြောသွားသလိုပဲ
ပျောက်နေလိုက်တာ
း))
အဆင်ပြေ ပျော်ရွှင်ပါစေနော် ..း)

Nge Naing said...

ကဗျာရေ ဒီတခါ ညီမလေးရေးတဲ့ ကဗျာကို ဖတ်ရတာ အားအရှိဆုံးပဲ ခါတိုင်းဆို ညီမလေး ကဗျာကို ဖတ်ပြီးတာနဲ့ အားအင်ကို ကုန်ခမ်းသွားတာပဲ။ ငယ်ကအချစ် အနှစ်တရာ မမေ့သာဆိုတာ သီချင်းတောင် ရှိတယ်မဟုတ်လား။ သမုဒယ ဝေဒနာတွေ အားလုံးကို အဆုံးသတ်ပြီး အစစအရာရာ အဆင်ပြေပါစေလို့ အစ်မဆုတောင်းပေးသွားပါတယ်။

ကိုလူထွေး said...

ဖတ်ရတာ ကြည်နူးဖို့ကောင်းလိုက်တာ...
တကယ့်ကို ပျော်စရာကြီး...

(ကလေးဘယ်နှယောက်ရနေပြီတဲ့လဲ)

းဝ)

Anonymous said...

ငယ်ကအချစ်အနှစ်တရာ မမေ့သာတဲ့ အချိန်ရှိတုန်း လုံ့စိုက်လိုက်ဗျို့ တော်ကြာ သူများနောက် ပါသွားဥိးမယ်

Post a Comment