Tuesday, June 30, 2009

“ဘူးသီးမှအရီးလာမတော်နဲ့”

ဝါ၀ါမြင်တိုင်းရွှေအစစ်လို့ မထင်လိုက်ပါနဲ့ မေ့ချစ်သူရယ် … ဘုရားမှတ်လို့ရှိခိုးကိုးကွယ် ဖွတ်ထွက်ကာမှ တောင်ပို့မှန်းသိနေမယ်ကွယ် ကျားရဲရာကြမ္မာမယိုးသာတယ် … လူ့ဘ၀ဆိုတာဟာလည်း ဗုံလုံတစ်လှည့်ငါးပျံတစ်လှည့်ပဲကွယ် မှန်ကင်းတစ်လှည့်ထင်းတစ်လှည့်ပါကွယ့် သစ်ငုတ်မြင့်တုံမြက်မြင့်တုံမို့ကွယ် ရေစီးတစ်ခါရေသာတစ်လှည့်မို့ ဘူးသီးမှအရီးလာမတော်နဲ့ ဟယ်…။
ချစ်ရတာပင်ပန်းလွန်းတယ် ဂုဏ်လောကကြီးရယ် … အချစ်စစ်နဲ့မတန်ဘူးအချစ်ရယ် ငွေလောကကြီးအလယ် … သြော် ချစ်ရတာပင်ပန်းလွန်းတယ် ဂုဏ်လောကကြီးရယ် … အချစ်စစ်နဲ့မတန်ဘူးအချစ်ရယ် ငွေလောကကြီးအလယ် …
ကြီးနိုင်ငယ်ညှင်းသလိုပ မြေနိမ့်ရာလှံစိုက်သည့်နှယ် … နေသေးသပ ချုံထဲက ချိုသွေးလို့ တမြမြပေါ့ကွယ် … စိုင်ကော်လို့ ချုံပေါ်ရောက် နားထင်သွေးမမြောက်နဲ့ဟယ် စိန်နားကပ်အရောင်နဲ့ ပါးသိပ်မပြောင်နဲ့ကွယ် မေ့ဘ၀အနေစုတ်ပေမယ့် ရွှေထုပ်တဲ့မြပ၀ါပါကွယ် သေမြေကြီး ရှင်ရွှေထီး … ဘူးသီးမှ အရီးလာမတော်နဲ့ ဟယ်…။

တေးရေး - ဘုန်းပိုင်
တေးဆို - ဗီဗာဟိန်း၊ ရှိုင်းလင်း

3 Comments:

Anonymous said...

ဝါဝါမြင်တိုင်း ရွှေမထင်ပါဘူးဗျာ တော်ကြာ အီးပုံကြီးကို ပြနေရင် ဘယ့်နဲ့လုပ်မလဲ အဟီး
သီချင်းလား အဲဒါ ဆန်းပါပေ့ဗျာ စကားပုံတွေလဲ ကုန်ပြီ နောက်ဆို ပိတကတ်၃ပုံတောင် သီချင်းလုပ်ဆိုမလားတောင် မပြောတတ်ဘူး

ကိုလူထွေး said...

စကားပုံတွေကို သီချင်းလုပ်ဆိုထားတာ အခုမှ ဖတ်ဖူးတယ်... ကြားတော့ မကြားဖူးသေးဘူး...

းဝ)

Anonymous said...
This comment has been removed by the author.

Post a Comment