Thursday, June 4, 2009

အရူးရေးသောစာ

ညီမလေး မိုးခါးက စာရေးပါဦးဗျို့ လို့ အော်သွားတော့ ..... စာတော့ရေးချင်ပြီး ဘာရေးလို့ရေးရမှန်း မသိ ရေးလည်းမရေးတတ် ဖြစ်နေတဲ့ ကိုယ့်စိတ်က ဖြစ်ချင်ရာဖြစ် ရင်ထဲရှိတာ ချရေးပစ်မယ်ဆိုပြီး ... ရေးမိသွားပြီ... ဘာစာလုံးတွေပေါ်လာမလဲတော့ ကိုယ်လည်းမသိသေးဘူး ... စာတွေ ကဗျာတွေကို အစီစဉ်တကျ ချမရေးတတ်တဲ့ ကိုယ့်အကျင့် (အမှန်က ပျင်းတာပါ...ဟီး).. အဲ...ဒီတော့ ရေးသာရေးနေတာ ဘာရေးရရင် ကောင်းမလဲ <<<<<<<<
စိတ်ကလည်းညစ်တယ် ... ညစ်ရတဲ့အထဲ ကွန်နက်ရှင်ကမကောင်း ...
ကွန်မကောင်းလို့ စိတ်ကထပ်ညစ် ...
အသစ်ဆိုတာကလည်းမဖြစ် ...
ဖျစ်ညစ်ပြီးထပ်တွေး ... အတွေးတွေကရှုပ်ထွေး ...
ဒီလိုနဲ့ လောကကြီးကို အကောင်းမမြင် ... ရှင်လျက်ကပင်သေဆုံး ...
ဘာဆက်ရေးရမှာတုန်း .....။ :D
“အရူးမ” တဲ့ ..... (ကိုယ်စောင့်နတ်ကပြောနေပြီ) :P

4 Comments:

မိုးခါး said...

ဟစ်ဟော့ သီချင်းစပ်သွားတာပဲ :D

မိုးစက်အိမ် said...

ကောရက် အပိုဒ် ကိုကျွန်တော်ဆက်ရေးပေးမယ်လေ...
ဟစ်ဟော. ပီသအောင် ရိုးရိုး အာဟာ လေးတော.ထည်.
လိုက်မကဗျာရေ ဟီးးးးးးးးးးးးးးးးးးး မမိုးခါးကလဲ သူဆိုချင်
တာတွေ ပြောသွားလေရဲ. ....

Anonymous said...

အမရေ မိုးခါးက ဟစ်ဟော့ဆိုသွားတယ် မိုးစက်က ကောရက်ဆို သွားတယ် ဒါဆို ကျွန်တော်က ဗက် အပိုက်ဆိုပေးမယ်လေ . . ( ဟိုးးး ဆရာ နတ်ကနား ရှိတယ် တောင်ပြုံးပွဲမို့ ဂျော် အများကြီးပဲ ရှေ့ကြည့်နောက်လှည့်ကြည့် ကိုကြီးကျော်က ငါ့ကိုကြည့်တယ် . . .ဆိုသူ -- စိုင်းစိုင်း ) ဟဲဟဲ သူများတွေ ဖျက်ထားတဲ့ စိုင်းစိုင်း သီချင်းလေး ထည့်ပေးလိုက်တယ် ဟိဟိ . .

mgnge said...

ဒီလိုနဲ့ လောကကြီးကို အကောင်းမမြင် ... ရှင်လျက်ကပင်သေဆုံး ...
ဘာဆက်ရေးရမှာတုန်း ..... ဟိ။

အဲ့မှာ ဟိ ဆိုတာ ကိုဖြုတ်လိုက်... ပိုဖတ်လို့ ကောင်းတယ်..။ အခုဟာ ကစိတ်ညစ်
မှန်းမသိ.. ပျော်မှန်းမသိ..နဲ့ ...
ရှုပ်အောင်မလုပ်နဲ့ လေ :D အဲ့လိုထည့်ထားရင်တော်သေးတယ်..
စေတနာနော်

Post a Comment