ရင်မှမြတ်နိုး
တိတ်တခိုးဖြင့်
တိုးတိုးတမ်းတ
စွဲလမ်းရသည်။
အကြည့်မဆုံ
ပုံလည်းမမြင်
အလျဉ်းမကြား
သံကားတိတ်ဆိတ်။
ညအိပ်လျင်ပင်
ရင်ထဲနှလုံး
ပြုံး၍ပျော်အောင်
စွဲဆောင်နိုင်သည်။
ချစ်သူခင်သူ
မြတ်နိုးသူဟု
ကြည်ဖြူဖွင့်ဟ
ပြောခွင့်မရ။
.....
.....
.....
.....
စိမ်းကားလွန်းသူ
ချစ်ဆုံးသူရေ
အမုန်းစကား
ပြောကြားပေးပါလှည့်။
Look back to memory lane
-
ဟိုးအရင်နှစ်တွေက Memory အဟောင်းတွေ ပြန်ကြည့်မိရင် စိတ်က ရုတ်တရက် နူးညံ့
ကြည်လင်သွားသလိုပဲ... ချက်ချင်းကို စာအသစ်တွေ ရေးဖွဲ့ချင်စိတ်လည်း
ဖြစ်လာမိတယ်။ ဒါမယ့်...
2 months ago
3 Comments:
ိတစ် ဘက် သတ် အချစ်လား တိတ်တခိုးအချစ်လား ..။
ပြောခွင့်မရတဲ့  ဘ၀ ကတော့ဆိုးပါတယ် ဟာ............
ကဗျာလေး ကြိုက်တယ်
အလန်းပဲ ကြိုက်သွားပြီ ဘာတဲ့ တိတ်တခိုး အချစ် လား ခွိခွိ မီး က ငယ်သေးတော့ ဒါတွေ သိပ်တော့ မသိဘူး
ဒါပေမယ့် တခုရှိတယ် အခုခေတ်ကလေ ယောက်ျားလေး တွေ စ ပြောတဲ့ ခေတ် ဟုတ်တော့ဘူး သိလား အဲဒါက ဟိုးးးး ၂၀ ရာစုမှာကျန်ခဲ့ပြီ မမရေ တကယ်ကြိုက်နေရင် ဖွင့်သာပြောလိုက် ဟိဟိ (အလကား စ တာနော် စိတ်ချိုးနဲ့ မီး ကအဲလိုပဲ စ တတ်တယ် ကဗျာက ကဗျာပါပဲ ကဗျာကို ကဗျာလို ခံစားသွားပါတယ် မမရေ )
တာ့တာနော် သူများတွေ ဆီကိုလျှောက်လည်လိုက်ဦးမယ် ဘိုင်
Post a Comment