ဘယ်သူပို့ပေးမှန်းမသိတဲ့ Fwd mail လေးကို ဘလော့ကနေ ပြန်လည်မျှဝေလိုက်ပါတယ်။
အလှအပကို ကြိုက်နှစ်သက်ကြတဲ့ မမ..တို့ ရေ..
ကြက်တောင်ပံကြော်ကို နေ့စဉ်ရက်ဆက်စားသုံးခြင်းဟာ အမျိုးသမီးတွေအတွက် တကယ့်အန္တရာယ်တစ်ခုဆိုတာကို မျှဝေလိုက်တာပါ…
ဒါကတော့ စင်ကာပူက အမျိုးတမီးတဦးရဲ့ ဖြစ်ရပ်မှန် အကြောင်းလေးပါ။ မကြာသေးမီက ကျွန်မ သူငယ်ချင်းမတစ်ယောက် သူ့ရဲ့ဗိုက်ထဲမှာ သွေးခဲလိုလို ပြည်တည်သလိုလို အခဲတစ်ခု ဖြစ်ပြီး ကြီးကြီးလာတာကြောင့် ခွဲစိတ်ပြီး ထုတ်ပစ်လိုက်ရတဲ့အထိဖြစ်သွားပါတယ်…
အဲဒီအခဲဟာ ခွဲစိတ်ပြီးကြည့်လိုက်တော့ မဲပုပ်နေတဲ့သွေးခဲကြီးပါတဲ့...
သူမကတော့ ခွဲစိတ်ကုသပြီးနောက်မှာ ပုံမှန်ပြန်ကောင်းလာမယ်လို့ ပဲ ထင်ခဲ့တာပေါ့..
ဒါပေမယ့်.. သူထင်တာနဲ့ တတ်တတ်စင်အောင်လွဲခဲ့ပါတယ်..
ခွဲစိတ်ထုတ်ပစ်ပြီး လအနည်းငယ်အကြာမှာ အရင်လိုပဲ ဗိုက်ထဲမှာ သွေးခဲလိုလို ပြည်ခဲလိုလို ပြန်ဖြစ်လာပြန်ရောတဲ့…
ဒုက္ခပါပဲနော်..
သူလဲ အရမ်း စိတ် သောကရောက်ရတာပေါ့..
ဒါနဲ့ သားဖွားမီးယပ်ပါရဂူ တစ်ယောက်ဆီ ချက်ချင်းသွားပြကြည့်တော့..
ဆရာဝန်က သူမကို မေးခွန်းတစ်ခုမေးတယ်.. မေးခွန်းက သူမအတွက်တော်တော်ကိုထူးဆန်းနေတယ်....
ကြက်တောင်ပံကို နေ့စဉ်ရက်ဆက်စားသလား .. တဲံ့...
သူမက.. စားပါတယ် လို့ ပဲဖြေတယ်.. စားလဲ စားတာကိုး..
သူမ ကြက်တောင်ပံကြော်အမြဲတမ်းစားနေကျဆိုတာ ဘယ်လိုသိပါသလဲလို့တောင် အံ့သြတကြီး ပြန်မေးမိသေးတယ်..
ကဲကြည့်.. ဘာကြောင့်သူဒီလိုရောဂါဖြစ်တာလဲ ..
ဒီနေ့ခေတ်မှာ ကြက်တွေ မြန်မြန်ကြီးထွားလာစေဖို့ Steroids ဟိုမုန်းတွေပါတဲ့ကြီးထွားဆေးတွေ သုံးလာကြပါတယ်..
Steroids ဟိုမုန်းတွေပါတဲ့ ကြီးထွားဆေးကို ကြက်တွေရဲ့တောင်ပံနဲ့ လည်ပင်းနေရာတွေမှာပဲ အမြဲထိုးပေးလေ့ရှိတယ်..
ဒါကြောင့်. Steroids ဟိုမုန်းတွေအများဆုံးစုနေတဲ့နေရာကတော့တောင်ပံနဲ့ လည်ပင်းတွေမှာပါပဲ..
ဒီ Steroids ဟိုမုန်းတွေဟာ မြန်မြန်ကြီးထွားစေတတ်တဲ့ သဘောကြောင့် ခန္ဓာကိုယ်ထဲမှာ ကြောက်စရာကောင်းလောက်အောင် အကျိုးဆက်တွေဖြစ်လာတာပေါ့..
ဒါဟာဘာအတွက်လဲ..
တကယ်တော့ သူတို့ရဲ့လိုအပ်ချက်က .. ကြက်တွေမြန်မြန်ကြီးထွားလာစေဖို့ပဲမဟုတ်လား…
ဒါပေမယ့်.. အခု အမျိုးသမီးတွေကို တိုက်ရိုက် ထိခိုက်လာပါပြီ…
အမျိုးသမီးတွေမှာ လက်ရှိ ရှိနေတဲ့ မ.ဟော်မုန်းတွေကိုပါ အန္တရာယ် ကျရောက်စေတဲ့အပြင်..
ဗိုက်ထဲမှာ သွေးခဲလိုလို ပြည်ခဲလိုလို မဲပုပ်နေတဲ့ အခဲတွေ ကြီးထွားလာစေတတ်တဲ့ ရောဂါတစ်မျိုး ပိုပြီးဖြစ်လွယ်လာစေပါတယ်..
ကျွန်မတို့ မှာ အရသာရှိလှတဲ့ ရိုးရာဟင်းလျာတွေ ရှိကြတာပေါ့နော်.. ဒါပေမယ့်..
ကျွန်မတို့ရဲ့ကျန်းမာရေးက အသက်ဆက်လက်ရှင်သန်ဖို့ရာ ပိုပြီးအရေးကြီးပါတယ်..
ဒါကြောင့် မမတို့ကို ဝေမျှလိုက်ပါတယ်နော်.. မမတို့ခန္ဓာကိုယ် အလှမပျက်ရအောင် ကိုယ်အလေးချိန်ကိုလဲ ထိန်းရာရောက်အောင် ကြက်တောင်ပံ ကို နေ့စဉ်ရက်ဆက် စားသုံးခြင်းကနေ တတ်နိုင်သလောက် လျှော့စားကြပါလို့ ...
အခြား မမ .တွေ.. (မမ.ရှိသူတွေ) ဆီကိုလဲ ဒါကို လက်ဆင့်ကမ်းပေးကြပါဦးနော်။
Ref: http://www.sma.org.sg
P.s. U.S, Canada နှင့် Europe မှာတော့ ဒါကိုသူတို့ နိုင်ငံတွေမှာ တရားမ၀င်ပါဘူးလို့ ငြင်းဆန်ထားပါတယ်..
တိရိစ္ဆာန်တွေကိုဆေးထိုးခြင်း အစာကျွေးခြင်းတွေမှာ ဒီလို ဟော်မုန်းတွေသုံးခွင့်မပြုဘူးလို့ ပြောပါတယ်..
ဒီထဲမှာ ထပ်တွေ့ရတာက အမျိုးသားတစ်ယောက် ဟာ ကြက်လည်ပင်းနဲ့ထမင်းကိုပဲ နှစ်နှစ်ခြိုက်ခြိုက် နှစ်အတော်ကြာ စားခဲ့ပြီးနောက် သူ့ရဲ့ရင်ဘတ်တွေဟာ ကြီးထွားလာပါတယ်တဲ့.. :)
ကဲ.. စိတ်ဝင်စားရင်တော့ ဒီလင့်တွေမှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်..
Ref: http://www.snopes.com/horrors/food/wingcyst.asp
http://urbanlegends.about.com/library/bl_chicken_wings.htm
http://urbanlegends.about.com/gi/dynamic/offsite.htm?site=http://www.fda.gov/cvm/hormones.htm
Look back to memory lane
-
ဟိုးအရင်နှစ်တွေက Memory အဟောင်းတွေ ပြန်ကြည့်မိရင် စိတ်က ရုတ်တရက် နူးညံ့
ကြည်လင်သွားသလိုပဲ... ချက်ချင်းကို စာအသစ်တွေ ရေးဖွဲ့ချင်စိတ်လည်း
ဖြစ်လာမိတယ်။ ဒါမယ့်...
2 months ago
0 Comments:
Post a Comment