Thursday, March 26, 2009

ကြေကွဲ လက်ဆောင်

သိပ်ချစ်ရတဲ့ ကောင်ကလေးရေ...
အိပ်မက်ရှည်တွေ လှစေဖို့
အမြဲတမ်း ဆုတောင်းပေးနေရဲ့။
မင်းမရှိတဲ့ ငါ့အဖြစ်တွေ
မင်းမသိတဲ့ ငါ့အချစ်တွေ
အမြဲတမ်း ဟန်ဆောင် ဖုံးကွယ်ရင်း
ဝေးလွင့် ရတော့မယ့်
အနာဂတ် ကာလအတွက်
ငါ့ရဲ့ အက်ကွဲကြောင်း ကဗျာတွေ
မင်းအတွက် ထားခဲ့။

1 Comment:

mgnge said...

နင်အသည်းကွဲ နေတာ တော်တော်ကြာ ပြီ ..။
အခု ထိ အနာမကျက်သေးဘူးလား ဘော်ဘော်..................။

ဂရစိုက်ပါဟာ............။

Post a Comment