မပျော်ဘူးကွယ်
ဘာ လိုနေမှန်းမသိ
ရင်ထဲငိုနေမိတာ
ကိုယ်တိုင်လဲမသိ...
သူမရှိလို့လား
နေမထိ ထိုင်မသာနဲ့
အဖြေညှိကြည့်တော့
အတိတ်အစမှာကတည်းက
(ကုသိုလ်နည်းလို့)
သူ့ ကိုခွဲခဲ့ရတာပဲ...
ရင့်ကျက်ပြီ ထင်ခဲ့သမျှ
ပင့်သက်အရှိုက်မှာလဲ
သူ့ ကိုသတိရတာပဲ...
တလှိုက်လှိုက်နဲ့
ဝေ့တက်လာတဲ့ ဆန္ဒတွေဟာ
မာနကို ဖဲ့ခြွေဖို့
စိုးရိမ်မှတ်ကို ရောက်ခဲ့ပြီ ။ ။
Look back to memory lane
-
ဟိုးအရင်နှစ်တွေက Memory အဟောင်းတွေ ပြန်ကြည့်မိရင် စိတ်က ရုတ်တရက် နူးညံ့
ကြည်လင်သွားသလိုပဲ... ချက်ချင်းကို စာအသစ်တွေ ရေးဖွဲ့ချင်စိတ်လည်း
ဖြစ်လာမိတယ်။ ဒါမယ့်...
2 months ago
6 Comments:
စိုးရိမ်ရေမှတ်ရောက်နေပြီဆိုတော့ ပတ်ဝန်းကျင် ရွာတွေကို သတိပေးကြေငြာချက် ထုတ်ပြန်လိုက်တော့မယ်နော်
ကဗျာကောင်းလေးတွေကို ခံစားသွားတယ်ဗျာ...
မကဗျာ
ကဗျာတွေ အများကြီး လာဖတ်သွားတယ်
ပျော်ရွှင်စေဖို့ ဆုတောင်းပေးတယ်နော်
မချစ်နှင်း ကဗျာတွေ နှစ်သက်စွာ လာဖတ်သွားပါတယ်ဗျာ
ကဗျာလေး ကောင်းလိုက်တာဗျ
ကျနော် နဲ့ တိုက်ဆိုင်လို့ ဖြစ်မယ်ထင်တယ်
အရမ်းကောင်းသောကဗျာလေးပါ
ကြည့်စမ်းကြည့်စမ်း.. .မရောက်တာ တစ်ရက်နှစ်ရက်အတွင်း
ကဗျာ ကောင်းတွေ ဖော်ထုတ် နေ ပါလား..။
Post a Comment