Tuesday, March 3, 2009

အပူပြီးရင် အပြီးပူနေမယ်

အချစ်ဆိုတာ
အပူလောင်ဆုံး အနှိုင်းမဲ့မီးလို့
ဘယ်လိုပဲ ပြောပြော၊
ပုထုဇဉ်နယ်ပယ်မှာတော့
အချစ်ဟာ ဟင်းတိုင်းမှာပါတဲ့ ဆားလို
မရှိမဖြစ် ဖြစ်နေပါတယ်။
ငရုတ်သီးထဲကပိုးဟာ
အပူကို လုံးဝမကြောက်တော့သလို
အပူကြိုက်လွန်းလို့ အပူပြီးနေတဲ့
ပုထုဇဉ်အများစုဟာလည်း
အချစ်ကို ပူလောင်တယ်လို့တောင်
မထင်ကြတော့ပါဘူး။
ပိုးဖလံမျိုးမို့မီးတိုးနေတာပါလို့
ဆင်ခြေပေးနေပြန်တော့လည်း
ဘာများတတ်နိုင်ဦးမှာတဲ့လဲ။
မရှိမဖြစ်ဆားဆိုပေမယ့်
သွေးတိုးရောဂါရှိတဲ့သူကတော့
ဆားကို မရှောင်မဖြစ်
ရှောင်ဖို့လိုအပ်သလို
အဆင့်အတန်းမြင့်တဲ့
သမထ၊ ၀ိပဿနာ
တရားချမ်းသာကို
ခံစားချင်တဲ့သူဟာလည်း
အချစ်ကိုဝေးဝေးရှောင်ဖို့
လိုအပ်ပါတယ်။
တရားအလုပ်ခွံင်မှာတော့
အချစ်ကို
ကာမစ္ဆန္ဒနီဝရဏ လို့ခေါ်ပါတယ်။
သူက တိုးပွားအောင်လုပ်ရမယ့်အရာ
မဟုတ်ပါဘူး။
ချုပ်ငြိမ်းအောင်ပယ်ရမယ့်အရာပါ။

1 Comment:

ကိုတိုး said...

အစ်မရေ ရေးထားတာလေး အရမ်းကောင်းတယ်နော် အချစ်ဆိုတာက ပူလောင်လွန်းတာမှန်ပေမဲ့ လူတိုင်းက အချစ်ကိုလိုချင်ကျတယ်နော်။

Post a Comment