Wednesday, January 14, 2009

ဘ၀မှာ ဆန္ဒရှိတဲ့အတိုင်း ဖြစ်ချင်တယ်

လူဆိုတာရယ်လို့ ဖြစ်လာရင် အလိုဆန္ဒဆိုတာ ရှိတတ်ကြတယ်..... တောင့်တတဲ့ လိုအင်ဆန္ဒတွေသာ ပြည့်ဝခဲ့မယ်ဆိုရင် အလိုမကျမှုဆိုတာလည်း ဖြစ်လာမှာမဟုတ်ဘူးနော်.....။ ဘ၀မှာ အတ္တ၊ မာန၊ ဂုဏ်သိက္ခာ ဆိုတာတွေကို သူ့နေရာနဲ့သူ နေသားတကျ ထားတတ်သွားမယ်ဆိုရင် ပျော်ရွှင်စရာကောင်းတဲ့ ဘ၀ကို ပိုင်ဆိုင်သွားနိုင်မှာပါ။

5 Comments:

Anonymous said...

မှန်ပါ့ဗျာ. ဒါ ဘယ်သူ့ သမီးလေး များပါလိမ့်... မှတ်သားထား လိုက်ပါမယ်.။

Welcome said...

အစ်မ
ဘ၀မှာ မသေချာလွန်းတဲ့ အရာ(၃)ခုရှိတယ်
၁။ အိပ်မက်ရယ်
၂။ အောင်မြင်မှုရယ်
၃။ ကံကြမ္မာရယ် ပဲဖြစ်တယ်။
ကိုယ်က ချစ်ပေမယ့်
သူက ပြန်မချစ်တာကို
မချစ်တတ်လို့ထင်ပြီး အတင်းသင်ပေးမယ်၊
ကိုယ့်ကို ပြန်ချစ်လာအောင်
ဇွတ်ကြိုးစားမယ်ဆိုရင်
ကိုယ်လိုချင်တဲ့ အချစ် ဖြစ်လာပါ့မလား။
အကျိုးဆက်ကတော့ နှစ်သက်စရာ
ဖြစ်လာမှာ မဟုတ်ပါဘူး
ဒါကို မရေရာတဲ့ ကံကြမ္မာလို့ပဲ ရိုးမယ်ဖွဲ့ရမယ် ထင်ပါတယ်
လေးစားလျက် ..

ကိုတိုး said...

မှန်တာပေါ့အမရယ်....... အလိုဆန္ဒတွေအားလုံးသား ပြည့်စုံမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပဲပေါ့နော်အမ။

ကဗျာမ လေး said...

ကိုယ်လိုချင်တဲ့အချစ်ကို ဘယ်တော့မှ မရနိုင်ဘူးဆိုတာသိလို့ ဘယ်တော့မှ ရအောင်ကြိုးစားမှာ မဟုတ်ပါဘူး ...။ ကံကြမ္မာကိုလည်း ရိုးမယ်မဖွဲ့လိုပါဘူး ... ဘ၀မှာ ယုံကြည်မျှော်လင့်ချက်နဲ့ အသက်ရှင်နေကြသူတွေ တစ်ပုံကြီးပါ။

Anonymous said...

သူ့နေရာနဲ့သူ နေသားတကျ ထားတတ်ဖို့.. ဒီစကားလေးက တွေးစရာတွေ အများကြီး ပေးနေသလိုပဲ..။ ခံစားချက်လေး နှစ်သက်စရာ ကောင်းပါတယ်ဗျာ..။

Post a Comment