Tuesday, December 30, 2008

စိတ်ကူးယဉ်တယ်

ညီမလေး နီနီ နဲ့ ကိုဝင်းဇော် က တဂ်ထားတယ်တဲ့လေ ... အဲဒီတဂ်ဆိုတာကြီးကို ဘာမှန်းကိုမသိတာ ... ဟိ ... ခုတော့ သိသလိုလို မသိသလိုလိုနဲ့ စိတ်ကူးယဉ်ကြည့်ဦးမယ် ...။
ဘယ်လိုယဉ်ရကောင်းမလဲနော် ..... ဘယ်လိုယဉ်ရမလဲလို့ ဒါရိုက်တာရင်ကို (ကိုယ့်မှာမရှိတဲ့)ဆဲလ်ဖုန်းလေးနဲ့ လှမ်းမေးကြည့်ဦးမှ.. အယ်တော် သူကလည်း စိတ်ကူးယဉ်နေရလို့ မအားမလပ်ဖြစ်နေတယ် ဆိုပါလား။ ကဲပါလေ ကိုယ့်စိတ်ကူးနဲ့ ကိုယ် ယဉ်တာပဲကောင်းပါတယ်။
၂၀၀၉ ဆိုတဲ့ နှစ်သစ်မှာ ရည်းစားထားရကောင်းမလား ဖြစ်သေးပါဘူးလေ ... ကလေးကလားဆန်ပါတယ်။
ရိုးရိုးလေးပဲတွေးမယ် စိတ်ကူးနေကျ ရိုးရိုးလေးပါပဲ...။
2009 January 1 မှာ ဖွင့်မယ့် အောင်ဘာလေထီက အမြင့်ဆုံး သိန်း " ၁၀၀၀ "တဲ့။
သိန်း ၁၀၀၀ များပေါက်ခဲ့ရင် တစ်ဝက်ကိုလှူပစ်မယ်(မထင်နဲ့)၊ အလှူရှင်တွေကပေါပါတယ်လေ ...။
ပထမဆုံး သိန်း၃၀လျော်ပြီး အလုပ်ထွက်မယ်။
ဒုတိယ တစ်လကို သိန်း(၆၀)၀င်မယ့် အလုပ်တစ်ခုကို ကိုယ်စားလှယ်နဲ့လုပ်ခိုင်းမယ်(ကိုယ်တိုင်လုပ်ရမှာပျင်းပါတယ်)။
တတိယ My Father နဲ့ ချစ်သူရှိရာ UKကို လည်လည်သွားမလားလို့...။ UK ကအပြန် RU ကိုသွားပြီး Rocket တစ်စင်းလောက်ဝယ်..ရှိခဲ့ဖူးတဲ့ မြို့ပြအင်ဂျင်နီယာတပည့်လေးတွေကိုခေါ်ပြီး အာကာသထဲမှာ ရေပေါ်မိုတယ်သွားဆောက်မယ်..။
အော် ... မသွားခင် တပည့်တွေကို အရည်အချင်းစစ်ဦးမှ .. သူတို့လေးတွေက အရည်အချင်းထက် အရေအတွက်ကို ဦးစားပေးတဲ့ (နွားနဲ့ထွန်တဲ့ လယ်ထဲက စပါးနှံလေးတွေလို)ကျောင်းတော်ကြီးက မွေးထုတ်ပေးလိုက်တာဆိုတော့ ယုံကြည်မှုတွေ သိပ်ပေးလို့မဖြစ်ဘူး။ တော်ကြာနေ ဘိလပ်မြေအစား နွားချေးတွေ ထည့်သုံးနေမှဖြင့် အာကာသထဲ လျှပ်စစ်မီးတ၀င်းဝင်း ဖြစ်နေဦးမယ်။ (ဟိ)
တစ်ခန်းရပ်...။

ကဗျာလေ... ကိုယ့်တိုင်းပြည်ကြီးကို အရမ်းတိုးတက်စေချင်တာပဲ ... အနာဂတ်ရဲ့ သားကောင်းသီးပွင့်ရတနာတွေကို အသေအချာ မွေးထုတ်ပေးချင်တယ်(ဆရာမ တစ်ယောက်ရဲ့စေတနာနဲ့ပါ)။ စာလေးအပုဒ်၃၀လောက်သင်ပြီး စာမေးပွဲအအောင်ပေး အတန်းတွေအတက်မနှေးရအောင် အမှတ်၃၀လောက်ပေါင်းပေးတဲ့ စနစ်ထက် ပညာတစ်ခုကို အသေအချာ တတ်အောင်သင်.. မတတ်မချင်း လေ့ကျင့်လို့.. လိုအပ်ရင် ချိန်ခါမရွေး.. ဘယ်လောက်ဝေးဝေး.. အတော်ဆုံးကို တကယ်ရွေးပြီး ... နိုင်ငံခြားကို ပညာတော်သင်လွှတ် လေ့လာစရာများစွာထဲက ကိုယ့်နိုင်ငံအတွက် အကျိုးမှန်သမျှ ခြိုးခြံစရာမရှိ.. ဆရာစားမချန် ပြန်ကာဖြန့်ပေး..(ကလေးအတွေးနဲ့ ရာထူးတွေတက်အောင်တော့ မကြံဆောင်လေနဲ့) မဝေးတော့တဲ့ အနာဂတ်မှာ ခေတ်မီတိုးတက်ပြီး အဆင့်တန်းမြင့်တဲ့ ပညာတွေနဲ့ တကယ်တော် တကယ်တတ်တဲ့ ပညာတတ်ကြီးတွေ မွေးထုတ်ပေးတဲ့ စနစ် အမြန်ဖြစ်စေချင်တယ်...။
(စိတ်ကူးပဲရှိပါတယ်လေ... လက်တွေ့မှာတော့... ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်မသွားသမျှ နောက်နွားတစ်သိုက်သိုက် လိုက်ချင်သလိုလိုက်နေတာကို လက်ပိုက်လို့သာ ကြည့်နေရုံပါ)။

3 Comments:

Welcome said...

စိတ်ကူးယဉ်တာလေး ဖတ်သွားတယ်။
စိတ်ကောင်းစေတနာတွေကို အလေးထားပါတယ်။
ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးနေရတဲ့ ဘ၀သေးသေးလေးမှာ ပျော်ပျော်ပဲ နေစေချင်ပါတယ်။
နှစ်သစ်မှာ ပျော်ရွှင်နိုင်ပါစေ။
လိုအင်တွေ မတောင်းဘဲလည်း ပြည့်ဝနိုင်ပါစေလို့ ..
ဆန္ဒပြုလိုက်ပါတယ်။
လေးစားလျက်
http://winzaw-mdy.blogspot.com

Anonymous said...

အမရေ ဟိ
ဖိုက်တယ်ဟ မိုက်တယ်ဟ
အမစိတ်ကူးလေးတွေကောင်းတယ်ဗျ
ဘိလပ်မြေအစား နောက်ချေးတော့ လုပ်ပါနဲ့အမရယ်
ကျွန်တော်တောင် ဒီ သုံးထပ်ဆောင်ပေါ်မှာ ဘုရား မမေ့၊ တရား မမေ့
နဲ့ အလုပ်လုပ်နေရတာဂျ။ ငလျင်က ဘယ်နှစ်ခါလှုပ်ပြီးမှန်းမသိဘူးရယ်
ကြောက်တယ် ကြောက်တယ်။
ဒါပေမဲ့ အဲဒီနွားကြီးကတော့ လုပ်မယ်ထင်တယ် ဟဲဟဲ
တစ်ဘို့ထဲရှိတာလေ

Unknown said...

မမနှင်း
တွေးလိုက်တာကိုကပရဟိတဆန်နေတာမို့
ထီပေါက်မှမဟုတ်ပါဘူး
အဲလိုစိတ်ကူးကိုကဒါနမြောက်ပါတယ်
တက်စာတွေစားတိုင်းသတိရပါနော်

Post a Comment