Thursday, December 18, 2008

မောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ ကဗျာလေးပါ။ မူရင်းကဗျာလေးရဲ့ ဆုတောင်းကတော့ဖြင့် " ဤသစ္စာ မှန်ကန်ပါက သူပန်ထားသော နှင်းဆီနီသည် နှင်းဆီပြာ ဖြစ်ပါစေသား " တဲ့။ ဆက်လက်အားပေး ဖတ်ရှုကြည့်ပါဦးနော် .....။ ဆုတောင်းလေး ပြင်ထားတာပါ။

ဘယ်လောက်ဝေးဝေး
ဘယ်လောက်ကွာကွာ
ဘယ်နေရာမှာရှိရှိ
သူ့ကိုချစ်မိသည့်
မေတ္တာတရားတို့သည်
ဆံတစ်ချည်မြူတမှုံမျှ
လျော့ပါးမသွားပါ...။
ဤသစ္စာ မှန်ကန်ပါက
ဖြစ်လေရာဘ၀တိုင်းဝယ်
ချစ်သောသူနှင့်
လွတ်လပ်သန့်စင်စွာ
ချစ်ပိုင်ခွင့်ရ၍
သူတပါး၏
ကဲ့ရဲ့ခံရခြင်းမှ
ကင်းလွတ်ပါစေသား အရှင်ဘုရား...
ချစ်သူ၏ ဥပေက္ခာနှင့်
အမုန်းတရားကိုလည်း
မခံယူလိုပါဘုရား..............။


မှတ်ချက်။ ။ စိတ်ကူးယဉ် သက်သက်မျှသာ။

1 Comment:

Welcome said...

ကဗျာကောင်းလေး ခံစားသွားပါတယ်

http://winzaw-mdy.blogspot.com

Post a Comment