Friday, December 12, 2008

ရင်ကွဲနာ အရှုံး

ချစ်သူ...
ဒဏ်ရာတွေ အလျှိုလျှိုနဲ့
ငါ့အတွေးတွေကို
လိုအပ်ရင် ဆေးစစ်ကြည့်ရမယ်
သတိရခြင်းဆိုတဲ့ပိုး
မျိုးတုံးသွားအောင်
ဘယ်သူစွမ်းဆောင်နိုင်မှာလဲ
ဖြစ်နိုင်မယ်ဆိုရင်
ငါ မငိုချင်ပါဘူးမောင်။
ငါ့အသက် ငါ့ခန္ဒာ
ငါ့ကဗျာ ငါ့အလွမ်း
ခြောက်ခမ်းရင့်ရော်သွားဖို့
နာကြည်းခြင်းကို
မမွေးစားချင်ဘူး။
နှလုံးသားမိတ္တူတစ်စုံနဲ့
ရင်ခုန်သံကို အကျဉ်းချ
ငါ့ ဘ၀ကိုလဲကျစေသည့်တိုင်
အနိုင်မခံ အရှုံးမပေး
ဝဋ်ကြွေးတုံ့တင်မထားလို
ဆိုသောသစ္စာ တည်ပါတယ်။
အဆုံးစွန်ထိ
အလွန်အမင်း ပုံအပ်လို့
ငါမြတ်နိုးတတ်ပါရစေ
တစ်ချက်ပဲ ငဲ့ကြည့်ပါမောင်
မျှော်လင့်ခြင်း
ကောင်းကင်အောက်
ငါ ဒူးထောက်နေတာကို...။


မှတ်ချက်။ ။ မည်သူ့ကိုမှ မရည်ရွယ်ပါ .... တိုက်ဆိုင်မှုရှိလျှင် မေ့လိုက်ပါ ...

2 Comments:

Welcome said...

အစ်မ
ရင်ကဖြစ်တဲ့ ရင်တွင်းဖြစ်ကဗျာကောင်းလေးကို ရင်နဲ့ ဖတ်သွား ပါတယ်။ ချစ်တတ်သူတစ်ယောက်ရဲ့ ဖွဲ့သီမှုဟာ ကဗျာကောင်း တွေဖြစ်စေတာ လက်တွေ့ပါပဲ။ အကြောင်းကြောင်းကြောင့် ခွဲခွာနေရတဲ့ ချစ်သူတွေ ဆုံစည်းနိုင်စေဖို့ အထပ်ထပ် ဆုတောင်း ပေးပါတယ်။ လေးစားလျက်ပါ။
http://winzaw-mdy.blogspot.com

ကိုတိုး said...

အစ်မရေ ရင်တွင်းက ဖြစ်နေတဲ့ကဗျာကောင်းလေးကိုတော့...... ခံစားသွားတယ်ဗျာအမရေ.............. ဆုံစည်းမှုလေးမြန်မြန်ဖြစ်ပါစေဗျာအစ်မ......... မောင်လေးဆုတောင်းပေးပါတယ်အစ်မ.......

Post a Comment