ချစ်သူရယ်...ပြည့်စုံ မှု
လိုအပ် မှု ဆိုတာ
ချစ်သူနဲ. အတူ
ရှိနေရခြင်း နဲ.သာ
တိုက်ရိုက် အချိုးကျတာမို. .........။
မောင့် ရင်ထဲက
ကျွန်မ ကို
ထာဝရ
လက်တွဲ ထားပါလားရှင် ...........။ ။
Look back to memory lane
-
ဟိုးအရင်နှစ်တွေက Memory အဟောင်းတွေ ပြန်ကြည့်မိရင် စိတ်က ရုတ်တရက် နူးညံ့
ကြည်လင်သွားသလိုပဲ... ချက်ချင်းကို စာအသစ်တွေ ရေးဖွဲ့ချင်စိတ်လည်း
ဖြစ်လာမိတယ်။ ဒါမယ့်...
5 weeks ago
5 Comments:
မောင်သိစေချင်တဲ့လားအမ........... ရေးထားတာနဲ့လေ ပုံလေးနဲ့ကတော့ တော်တော်လေးကို အသက်ဝင်တယ်အမရေ။ တစ်နေ့တော့အမ ချစ်တဲ့သူနဲ့လက်တွဲရမှာပါအမ
အစ်မ
အချစ်က ဘဝမှာ အရေးကြီးဆုံးလား၊ အချစ်ထက် အရေးကြီး တာရှိသေးလားလို့ မေးခဲ့ရင်တော့....
အချစ်ဟာ ဘဝမှာ အရေးကြီးဆုံး မဟုတ်ပါဘူး။ ဘဝရဲ့ အစိတ်အပိုင်းကလေးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အချစ်မရှိ ရင်တော့ ပျင်းချောက်ချောက်ကြီး ဖြစ်မှာ မလွဲဧကန်ပါ။
အချစ်ထက် အရေးကြီးတာကတော့ ဘဝအောင်မြင်တိုးတက်ရေးပဲ ဖြစ်ပါတယ်။ အချစ်အောင်မြင်လို့ ထမင်းဝလို့ ရတာမှ မဟုတ်တာ။ ဘဝအောင်မြင်မှ ထမင်းဝမှာမို့ ထမင်းကိုချစ်တဲ့ အချစ်ကသာ အရေးအကြီးဆုံးလို့ မြင်မိပါတယ်။
--
စိတ်ထားလှတဲ့အစ်မ ချမ်းမြေ့နိုင်ပါစေ....
လေးစားလျက်
http://winzaw-mdy.blogspot.com
အစ်မရေ...
ချစ်တဲ့သူနဲ့ ဆုံနိုင်ပါစေ... ကဗျာလေးကနက်နက်နဲနဲရှိတယ်..
ကဗျာလေးကောင်းတယ်။
မိုးကြယ်
ကိုယ့်ကို ဥပက္ခာပြုတဲ့သူကို အသနားမခံပါနဲ့ ချစ်နှင်း ဒါဟာ ကိုယ့်ရဲ့ ကုသိုလ်ကံနဲ့သာဆိုင်ပါတယ်။ စေတနာသာ ကံဖြစ်တယ်လို့ ဘုရားဟောထားတဲ့အတွက် သူ့ကို ချစ်နှင်း တကယ်ချစ်ရင် သူစိတ်ချမ်းသာပါစေ၊ သူ့အတွက် နှလုံးစိတ်ဝမ်း ငြိမ်းချမ်းပြီး အစစအရာအရာ အဆင်ပြေပါစေ၊ ပျော်ရွှင်နိုင်ပါစေလို့သာ နေ့တိုင်း ဆုတောင်းပေးပြီး သူ့အပေါ် တကယ်စေတနာရှိအောင် ကိုယ့်စိတ်ကို တည်ဆောက်ပါ။။ ဒါဆိုရင် ချစ်နှင်းခံစားနေရတဲ့ သမုဒယတွေ အားလုံးက မေတ္တာအဖြစ် ပြောင်းသွားပြီး သူ့ဆီက ဘာမမျှော်လင့်နေတော့ပဲ အသူဆင်ပြေတာကိုပဲ ၀မ်းသာပေးနိုင်တဲ့ စိတ်ကို ချစ်နှင်းရပါလိမ့်မယ်။ ဒါဆိုရင် ချစ်နှင်းရဲ့ စိတ်ဓါတ်အင်အားကြောင့် လောကဓံတရားတွေကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်လိမ့်မယ်။
Post a Comment